နတ်တလင်းမြို့၌ ကလေးအလုပ်သမား ပပျောက်ရေးအသိပညာပေး ဟောပြောပွဲကျင်းပ

နတ်တလင်း နိုဝင်ဘာ ၁၇

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့နံနက် ၁၀ နာရီက ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ နတ်တလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်သူဇာဝင်းက ဟောပြောပွဲကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားပြီး ဒုတိယမြို့နယ်ဥပဒေအရာရှိ ဦးကျော်ဇောအောင်မှ ကလေးအလုပ်သမား၏ အဓိပ္ပါယ်၊ ကလေးအလုပ်သမား၏ အသက်အရွယ်၊ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်း၊ အန္တရာယ်ရှိသည့် လုပ်ငန်း/အလုပ်၊ အလုပ်လုပ်သော ကလေးများအား ပညာရေးနှင့် အသက်မွေးဝမ်းကြောင်း ပညာဆက်သင်ယူရန်နှင့် ကလေးများလုပ်သောအလုပ်များနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ အကြောင်းတို့ကိုအကျယ်တဝင့်ဟောပြောခဲ့ကြောင်းသိရသည်။

ဝေယံဖြိုး(ပြန်/ဆက်)