လက်ပံတန်း၌ ရွေးကောက်ပွဲဆိုင်ရာဥပဒေနည်းဥပဒေမျာ ဆွေးနွေးပို့ချ

လက်ပံတန်း နိုဝင်ဘာ ၁၈    

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် ရပ်ကွက်ကျေးရွာ ကော်မရှင်အဖွဲ့ခွဲဝင်များအား ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ ဆွေးနွေးပို့ချခြင်းကို ယမန်နေ့ နံနက်  ၁၀ နာရီက (၂) လမ်း မြို့နယ်ခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ  မြို့နယ်ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲမှ အဖွဲ့ဝင် ဒေါ်ခင်တုတ်က သင်တန်းအဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ဥပဒေအရာရှိ ဒေါ်စုပွင့်ဖြူမိုးက ၂၀၂၅ခုနှစ် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ၊ မြိုနယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူး သိန်းထိုက်က လုံခြုံရေးဆိုင်ရာ ပြစ်မှု ပြစ်ဒဏ်များကို လည်းကောင်း၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက အီလက်ထရောနစ်မဲပေးစက် တပ်ဆင်ထိန်းသိမ်းရေးလုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

အဆိုပါ  သင်တန်းကို နိုဝင်ဘာ ၁၇ ရက်မှ ၁၉ ရက်ထိ ပို့ချသွားမည်ဖြစ်ပြီး လက်ပံတန်းမြို့နယ်အတွင်း ရပ်ကွက်ကျေးရွာအုပ်စု ၅၃ အုပ်စုမှ မဲရုံမှူး၊ ဒုမဲရုံမှူးနင့် ရပ်ကွက်ကျေးရွာကော်မရှင်အဖွဲ့ခွဲဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)