ကဝမြို့နယ်၌ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနား ကျင်းပ

ကဝ နိုဝင်ဘာ ၁၈

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၌ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က ကဝမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်ကျင်းပခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတွင်  မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲထွန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကျော်က မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) မဲပေးစက် ဖွဲ့စည်းတည်ဆောက်ပုံ၊ လက်တွေ့ စမ်းသပ်မဲပေးခြင်းလုပ်ငန်းစဉ်များအား (Projector) ဖြင့် ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် ကိုယ်တိုင်လက်တွေ့စမ်းသပ်မဲပေးခြင်းများကို လက်တွေ့ဆောင်ရွက်ခဲ့ကြပြီးသိရှိလိုသည်များကို အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ရဲဇော်ဟိန်း(ပြန်/ဆက်)