မန္တလေးတိုင်းဒေသကြီး

ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ မဲရုံများအား တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ မဲရုံများ စနစ်တကျရှိစေရေးနှင့် လိုအပ်ချက်များမရှိစေရေးအတွက် ယမန်နေ့နံနက်ပိုင်း ၉ နာရီက စတင်၍ တာဝန်ရှိသူများက ကွင်းဆင်းလိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

ညောင်ဦး၌ စိမ်းလန်းစိုပြည်သောကျောင်းများ ဗဟိုအဆင့်ပြိုင်ပွဲဝင်နိုင်ရေး ကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (ညောင်ဦး)၌ သန့်ရှင်း၍ စိမ်းလန်းစိုပြေသောကျောင်းများ အကောင်အထည်ဖော်ဆောင်ရေး အထက်တန်းအဆင့် တိုင်းဒေသကြီးနှင့်ဗဟိုအဆင့်ယှဉ်ပြိုင်နိုင်ရေး မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းကို ဒီဇင်ဘာ ၁၁ ရက်၊ နံနက် ၁၀ နာရီခွဲက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ပျော်ဘွယ်မြို့နယ် အ.မ.ကတွင် မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ

ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ မူးယစ်ဆေးဝါးအန္တရာယ်ကင်းရှင်းစေရန်ရည်ရွယ်၍ မူးယစ်အစဆေးလိပ်ကခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခြင်းနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပပေးခြင်းကို ဒီဇင်ဘာလ ၁၁ ရက်၊ မွန်းလွဲ ၂ နာရီက အခြေခံပညာအလယ်တန်းကျောင်း (မင်းလမ်း)တွင် ကျင်းပသည်။

ကျောက်ဆည်ခရိုင်တွင် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် တိုင်းရင်းဆေးပါနှီးနှောဖလှယ်ပွဲကို ကြိုဆိုဂုဏ်ပြု

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် တိုင်းရင်းဆေးကုသရေးဦးစီးဌာနနှင့် မြို့နယ်တိုင်းရင်းဆေး ကုသရေးဦးစီးဌာန ပူးပေါင်းပြီး (၂၄) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမှတ် (၁၅) အခြေခံပညာမူလတန်းကျောင်း၌ ကျောင်းသား/ကျောင်းသူများ ကျန်းမာပျော်ရွှင်ပြီး ဘက်စုံထူးချွန်သူများဖြစ်စေရန် ရည်ရွယ်၍ ယမန်နေ့နံနက်ပိုင်းက ကျန်းမာရေးအသိပညာပေးဟောပြောပွဲနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ အခမဲ့ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မိတ္ထီလာမြို့၌ ကြိုတင်သတိပေးစနစ်နှင့်သဘာဝဘေးဆိုင်ရာ သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၌ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ စီစဉ်ဖွင့်လှစ်သော ကြိုတင်သတိပေးစနစ်နှင့် သဘာဝဘေးဆိုင်ရာသင်တန်းဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၁၁ ရက်နေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

တောင်သာမြို့အနောက်ရပ် အခြေခံပညာအလယ်တန်းကျောင်း၌ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်ပြဘုတ်များပြသ

တောင်သာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့်နံရံကပ်ပြဘုတ်များကို ဒီဇင်ဘာလ ၁၁ ရက်နေ့နံနက် ၁၀ နာရီက အနောက်ရပ်အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အမရပူရမြို့နယ်၌ ဧရာမင်း မိုးစပါး တစ်ဧက အစိုအထွက်တင်း ၁၃၉ တင်းထွက်ရှိ

မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်၊ တမုတ်ဆိုးကျေးရွာရှိ တောင်သူ ဦးအောင်မျိုးထွန်း၏ ကွင်းအမှတ် ၅၇၀-၁၊ ဦးပိုင်အမှတ် ၆၃/၁ ပေါက်အင်းကွင်းရှိ ဧရာမင်း  မိုးစပါးစိုက်ဧက ၃ဒသမ၁၈ ဧကကို ယနေ့နံနက် ၉ နာရီက အမရပူရမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ဦးဆောင်၍ မိုးစပါးစံကွက်ရိတ်သိမ်းပွဲ ကိုပြုလုပ်ခဲ့သည်။

အမရပူရမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းဆွေးနွေး ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်၌ မျိုးဆက်သစ်ကျောင်းသား၊ ကျောင်းသူလေးများအား ဗလငါးတန်နှင့်ပြည့်စုံစေသည့် ကျောင်းသား၊ ကျောင်းသူများ ဖြစ်လာစေရန် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁ဝ နာရီခွဲအချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း မေတ္တာရိပ်ခန်းမ၌ ကျင်းပခဲ့သည်။

ချမ်းအေးသာစံမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ချမ်းအေးသာစံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

ချမ်းအေးသာစံတွင် မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ရွေးကောက်ပွဲ ပြုလုပ်မည့် မဲရုံများအား လိုက်လံကြည့်ရှု

ဒီဇင်ဘာလ ၂၈ ရက်နေ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလတွင် ချမ်းအေးသာစံမြို့နယ်အတွင်းရှိ ရွေးကောက်ပွဲပြုလုပ်မည့် မဲရုံများအား မန္တလေးတိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကျော်သန်းထွန်း နှင့်တာဝန်ရှိသူများမှ ယနေ့နံနက်ပိုင်းက လိုက်လံကြည့်ရှုခဲ့သည်။
Subscribe to မန္တလေးတိုင်းဒေသကြီး