ကျောက်ဆည်ခရိုင်တွင် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် တိုင်းရင်းဆေးပါနှီးနှောဖလှယ်ပွဲကို ကြိုဆိုဂုဏ်ပြု

ကျောက်ဆည် ဒီဇင်ဘာ ၁၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် တိုင်းရင်းဆေးကုသရေးဦးစီးဌာနနှင့် မြို့နယ်တိုင်းရင်းဆေး ကုသရေးဦးစီးဌာန ပူးပေါင်းပြီး (၂၄) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမှတ် (၁၅) အခြေခံပညာမူလတန်းကျောင်း၌ ကျောင်းသား/ကျောင်းသူများ ကျန်းမာပျော်ရွှင်ပြီး ဘက်စုံထူးချွန်သူများဖြစ်စေရန် ရည်ရွယ်၍ ယမန်နေ့နံနက်ပိုင်းက ကျန်းမာရေးအသိပညာပေးဟောပြောပွဲနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ အခမဲ့ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကျန်းမာရေးအသိပညာပေးဟောပြောပွဲတွင် ကျောင်းအုပ်ဆရာကြီး ဦးထွန်အောင်ရွှေက ကျောင်းသား/ ကျောင်းသူများအနေဖြင့် ကိုယ်ခန္ဓာကျန်းမာမှ ကျောင်းနေပျော်ပြီးစာတော်သည့် နိုင်ငံတော်အတွက် အားကိုးအားထားရသည့် သားကောင်း/ သမီးကောင်းရတနာများ ပေါ်ထွန်းလာမည်ဖြစ်ကြောင်းနှင့် ကျန်းမာခြင်းသည် အဓိကဖြစ်ပြီးကာကွယ်ခြင်းသည်ကုသခြင်းထက် ပိုမိုထိရောက်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ကျောက်ဆည်ခရိုင် တိုင်းရင်းဆေးကုသရေးဦးစီးဌာနမှ ခရိုင်တိုင်းရင်းဆေးမှူး ဦးဇော်လင်းထင်က ကူးစက်ရောဂါများ ဖြစ်ပွားရခြင်းအကြောင်းနှင့် ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများ၊ တစ်ကိုယ်ရည်သန့်ရှင်းစွာနေထိုင်ခြင်း အကြောင်းများ အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် ကျောက်ဆည်ခရိုင်တိုင်းရင်းဆေးကုသရေးဦးစီးဌာနမှ တိုင်းရင်းဆေးမှူး ဦးဇော်လင်းထင်၊ မြို့နယ်တိုင်းရင်ဆေးမှူး ဒေါ်ဆွေဆွေမြင့်နှင့်ဝန်ထမ်းများက အမှတ် (၁၅) အခြေခံပညာမူလတန်းမှ ဆရာ/ ဆရာမ (၄) ဦး၊ ကျောင်းသား/ ကျောင်းသူ (၁၆၁) ဦး၊ စုစုပေါင်း (၁၆၅) ဦးတို့အား တိုင်းရင်းဆေးပညာဖြင့် အခမဲ့ ဆေးစစ်ခြင်းနှင့်ဆေးကုသခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်