တောင်သာမြို့အနောက်ရပ် အခြေခံပညာအလယ်တန်းကျောင်း၌ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်ပြဘုတ်များပြသ

တောင်သာ ဒီဇင်ဘာ ၁၁

တောင်သာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့်နံရံကပ်ပြဘုတ်များကို ဒီဇင်ဘာလ ၁၁ ရက်နေ့နံနက် ၁၀ နာရီက အနောက်ရပ်အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနား၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရဲဝင်းအောင်က ကလေးအလုပ်သမားဆိုသည်မှာ၊ ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်းချက်၊ ကလေးအလုပ်သမားများ၏ အသက်အရွယ်၊ မြန်မာစာသင်ကြားရသည့်အဓိပ္ပာယ်၊ ဗလငါးတန်နှင့်ပြည့်စုံဖို့၊ လူရည်ချွန်ကလေးများဖြစ်စေဖို့၊ လူငယ်နှင့်စာဖတ်ခြင်းအကြောင်း၊ အသက်အရွယ်အလိုက် စာအုပ်များကိုရှာဖွေ ဖတ်ရှု့ကြစို့ စသည့်များအားပြောကြားခဲ့သည်။

ထို့နောက်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများအား ကလေးအလုပ်သမားပပျောက်ရေးနှင့် နံရံကပ်ပြဘုတ်များ ပြသခဲ့ရာ စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြပြီး၊ ဟောပြောပွဲသို့ ကျောင်းသား၊ ကျောင်းသူ (၇၂)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)