ချမ်းအေးသာစံတွင် မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ရွေးကောက်ပွဲ ပြုလုပ်မည့် မဲရုံများအား လိုက်လံကြည့်ရှု

ချမ်းအေးသာစံ ဒီဇင်ဘာ ၁၁

ဒီဇင်ဘာလ ၂၈ ရက်နေ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလတွင် ချမ်းအေးသာစံမြို့နယ်အတွင်းရှိ ရွေးကောက်ပွဲပြုလုပ်မည့် မဲရုံများအား မန္တလေးတိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကျော်သန်းထွန်း နှင့်တာဝန်ရှိသူများမှ ယနေ့နံနက်ပိုင်းက လိုက်လံကြည့်ရှုခဲ့သည်။

ချမ်းအေးသာစံမြို့နယ်အတွင်းရှိ ရွေးကောက်ပွဲပြုလုပ်မည့် မဲရုံများအား ကြည့်ရှုစစ်ဆေးခဲ့ရာ မဲရုံများ၏ လုံခြုံရေး အခြေအနေများ၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးများ၊ မဲရုံများအတွင်း လျှပ်စစ်မီးရရှိရေးနှင့် လေဝင်လေထွက်ကောင်းမွန်စေရေး၊ ဆန္ဒမဲလာရောက်ပေးသူများအား စိတ်အေးချမ်းသာစွာ မဲပေးနိုင်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှူများအား ရွေးကောက်ပွဲကာလတွင် တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူးများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများအား တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကျော်သန်းထွန်းက မှာကြားခဲ့သည်။

ချမ်းအေးသာစံမြို့နယ်တွင် ရပ်ကွက် ၂၀ မဲရုံပေါင်း ၇၀ ဖြင့် ရွေးကောက်ပွဲပြုလုပ်မည်ဖြစ်ရာ ဒုတိယအကြိမ်မဲစာရင်း လူဦးရေထုတ်ပြန်ချက်များအရ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ ၁၂၆၈၄၆ ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

ချမ်းမြေ့မောင် (ချမ်း/ စံ)