ညောင်ဦး ဒီဇင်ဘာ ၁၁
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (ညောင်ဦး)၌ သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းများ အကောင်အထည်ဖော်ဆောင်ရေး အထက်တန်းအဆင့် တိုင်းဒေသကြီးနှင့်ဗဟိုအဆင့်ယှဉ်ပြိုင်နိုင်ရေး မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းကို ဒီဇင်ဘာ ၁၁ ရက် နံနက် ၁၀ နာရီခွဲက ကွင်းဆင်းစစ်ဆေးသည်။
အဆိုပါ ကွင်းဆင်းအဖွဲ့သည် အခြေခံပညာအထက်တန်းကျောင်း (ညောင်ဦး) ကျောင်းဝန်းအတွင်း ကျောင်းသား/ကျောင်းသူများ လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ထားရှိသည့် သစ်ပင်ပန်းမံများ၊ ကလေးကစားကွင်းဆောင်ရွက်ထားရှိမှု၊ အရိပ်ရသစ်ပင်များစိုက်ပျိုးထားရှိမှု၊ ပရဆေးဥယျာဉ်တည်ဆောက်ထားရှိမှု၊ ဟင်းသီးဟင်းရွက်ပင်များ စိုက်ပျိုးထားရှိမှု၊ ကားတာယာကွင်းအဟောင်းများ အသုံးပြုကာ ကျောင်းပတ်ဝန်းကျင် သာယာလှပစေရေးဆောင်ရွက်ထားရှိမှု၊ သစ်ခွမျိုးစုံ စိုက်ပျိုးထားရှိမှု၊ စက္ကူအသုံးပြု ရုပ်ပုံဖန်တီးထားရှိမှုနှင့် ချည်လုံး၊ချည်ထိုးကာ သစ်ပင်ပုံဖန်တီးထားရှိမှုနှင့်လက်အလှပန်းချီရေးဆွဲဖန်းတီးနိုင်မှု၊ ကျောင်းသား/ကျောင်းသူများအား ဘောလီဘောကစားနိုင်ရေး ဆောင်ရွက်ထားရှိမှုတို့အားတို့အား စစ်ဆေးသည်။
ထို့နောက် မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးခင်မောင်ခ၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှူး ဒေါ်ခင်တင့်တင့်အောင်၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူး ဒေါ်ရည်မွန်သူတို့က သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းများ အကောင်အထည်ဖော်ဆောင်နေသော လုပ်ငန်းအခြေအနေများအား သတ်မှတ်ထားသည့် အခြေခံစံနှုန်း (၄) ချက်၊ အညွှန်းကိန်း (၁၇) ချက်နှင့်အညီ ဆောင်ရွက်ထားရှိမှုတို့အား သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်ကွင်းဆင်း၍ တိုင်းဒေသကြီး၊ ဗဟိုအဆင့်ယှဉ်ပြိုင်နိုင်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ဒီပါလင်း