ပျော်ဘွယ်မြို့နယ် အ.မ.ကတွင် မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ

ပျော်ဘွယ် ဒီဇင်ဘာ ၁၁

ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ မူးယစ်ဆေးဝါးအန္တရာယ်ကင်းရှင်းစေရန်ရည်ရွယ်၍ မူးယစ်အစဆေးလိပ်ကခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခြင်းနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပပေးခြင်းကို ဒီဇင်ဘာလ ၁၁ ရက်၊ မွန်းလွဲ ၂ နာရီက အခြေခံပညာအလယ်တန်းကျောင်း (မင်းလမ်း)တွင် ကျင်းပသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဒုတိယဦးစီးမှူး ဒေါ်မေစောမွန်က ကျောင်းသား၊ ကျောင်းသူများ ငယ်စဉ်ကပင် မူးယစ်ဆေးဝါးအန္တရာယ်ကင်းဝေးစေရန်အတွက် မူးယစ်အစဆေးလိပ်က ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အသိပညာဗဟုသုတတိုးပွားစေရန်အတွက် စာပေဖတ်ရှုလေ့လာရမည့်အကြောင်း အရာများကို ကျောင်းသား၊ ကျောင်းသူများနှင့် အပြန်အလှန်ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်၍ အသိပညာဗဟုသုတတိုးပွားစေရန်၊ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပပေးခဲ့ကြောင်းနှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် အသိပညာပေးနံရံကပ်စာစောင်များ၊ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး စာအုပ်၊ စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)