ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ မဲရုံများအား တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး

ပြည်ကြီးတံခွန် ဒီဇင်ဘာ ၁၂

မန္တလေးတိုင်းဒေသကြီး၊ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ မဲရုံများ စနစ်တကျရှိစေရေးနှင့် လိုအပ်ချက်များမရှိစေရေးအတွက် ယမန်နေ့နံနက်ပိုင်း ၉ နာရီက စတင်၍ တာဝန်ရှိသူများက ကွင်းဆင်းလိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

အဆိုပါ လိုက်လံကြည့်ရှုစစ်ဆေးရာတွင် ပြည်ကြီးတံခွန်မြို့နယ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဝင်များမှ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဝင်းထွန်းကျော်နှင့်အဖွဲ့ဝင်များ ပါဝင်သောအဖွဲ့နှင့် မဲရုံအလိုက် တာဝန်ပေးအပ်ထားသည့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် မဲရုံပြုလုပ်မည့်နေရာများဖြစ်သော ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ မဲရုံတည်နေရာများအား ကွင်းဆင်းကြည့်ရှု၍ လိုအပ်သည်များအား သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့၊ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌနှင့်အဖွဲ့ဝင်များအား မှာကြား၍ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဇင်မင်းမောင်(ခရိုင်၊ ပြန်/ဆက်)