မိတ္ထီလာမြို့၌ ကြိုတင်သတိပေးစနစ်နှင့်သဘာဝဘေးဆိုင်ရာ သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

မိတ္ထီလာ ဒီဇင်ဘာ ၁၁

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၌ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ စီစဉ်ဖွင့်လှစ်သော ကြိုတင်သတိပေးစနစ်နှင့် သဘာဝဘေးဆိုင်ရာသင်တန်းဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၁၁ ရက်နေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ဦးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (အထက်မြန်မာပြည်ဌာနခွဲ)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းလင်းကျော်က သင်တန်းဖွင့်လှစ်နိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးမှုအတွက် ကျေးဇူးတင်စကားပြောကြားပြီး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်ဦးထံသို့ အမှတ်တရဂုဏ်ပြုလက်ဆောင်ပေးအပ်သည်။ အဆိုပါသင်တန်းသို့ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံတောင်သူကိုယ်စားလှယ်များ၊ လူမှုရေးအသင်းအဖွဲ့များမှ သင်တန်းသားသင်တန်းသူ ၃ဝ ဦးတက်ရောက်ပြီး သင်တန်းကိုတစ်ရက်တာဖွင့်လှစ်ပို့ချခြင်းဖြစ်ကြောင်း သိရသည်။

ချမ်းသာ