မန္တလေးတိုင်းဒေသကြီး

အမရပူရမြို့နယ်၌ အခြေခံစက်ချုပ်နည်းပညာသင်တန်းနှင့် ဓာတုဗေဒဆေးဆိုးနည်းပညာသင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သည့် အခြေခံစက်ချုပ်နည်းပညာသင်တန်းနှင့် ဓာတုဗေဒဆေးဆိုးနည်းပညာ သင်တန်းဆင်းပွဲ အခမ်းအနားကို ဇွန် ၉ ရက်နေ့ နံနက် ၁၀ နာရီက ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံသင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

တံတားဦးမြို့ အခြေခံပညာအထက်တန်းကျောင်း၌ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကွင်းဆင်းဆောင်ရွက်

နိုင်ငံတော်အစိုးရသစ်လက်ထက် ရက်(၁၀၀) “လမင်း” စီမံချက်ဖြင့် မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် တက်ရောက်ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် UID များ ပြုလုပ်ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီက အဆိုပါကျောင်း၌ ဆောင်ရွက်နေကြောင်း သိရသည်။

မြစ်သားမြို့နယ်၌ လူမှုစီးပွားမြှင့်တင်ရေးရန်ပုံငွေ (သက်တန့်ရောင်စီမံကိန်း)မှ စပါးနှင့်ဝါသီးနှံစိုက် သမဝါယမအသင်းသား တောင်သူများထံသို့ သွင်းအားစုပေးအပ်ပွဲ အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သား မြို့နယ် သမဝါယမဦးစီးဌာနမှ တိုင်းပြည်စားနပ်ရိက္ခာ‌များ ပေါများလာစေရန်၊ သွင်းအားစုများထုတ်‌ပေးခြင်းဖြင့် ပန်းတိုင်အထွက်နှုန်းရရှိပြီး ဝင်ငွေတိုးရေးနှင့်လူမှု စီးပွားမြှင့်တင်နိုင်ရန် ရည်ရွယ်၍ (သက်တန့်ရောင်စီမံ ကိန်း)မှ စပါးနှင့်ဝါသီးနှံစိုက်သမဝါယမအသင်းသား တောင်သူများထံသို့ သွင်းအားစုပေးအပ်ပွဲအခမ်းအနားကို ဇွန် ၉ ရက်နေ့က ထားဝယ်အင်းကျေးရွာနှင့် မြိုင်ကုန်းကျေး ရွာတို့၌ ကျင်းပပြုလုပ်ခဲ့သည်။

ညောင်ဦးမြို့နယ်၌ မီးဘေးလုံခြုံရေး ကွင်းဆင်းဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်အတွင်း မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ မွန်းလွဲ ၄ နာရီအချိန်က တောင်ဇင်းကျေးရွာအုပ်စု၊ ဘုန်းတော်ကျေးရွာရှိ ရွှေဉာဏ်ရှင် ကိုယ်ပိုင်အထက်တန်းကျာင်းတွင် မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ် လက်ဝဲကျေးရွာ၌ ပျားမွေးမြူရေး ပြည်သူအသိပညာပေးသင်တန်းဖွင့်လှစ်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲ (စဉ့်ကိုင်မြို့နယ်တာဝန်ခံရုံး)မှ ရက်(၁၀၀)စီမံချက်ဖြင့် ပျားမွေးမြူရေး ပြည်သူအသိပညာပေးသင်တန်းကို ဇွန်လ ၉ ရက်‌ ညနေ ၃ နာရီက စဉ့်ကိုင်မြို့နယ် လက်ဝဲကျေးရွာ ဓမ္မာရုံ၌ ဖွင့်လှစ်ခဲ့‌ကြောင်း သိရသည်။

တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး(ပဉ္စမနေ့) ကျင်းပပြုလုပ်

တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး(ပဉ္စမနေ့)ကို ဇွန်လ ၉ ရက်နေ့ နံနက် ၁၀ နာရီအချိန်က မန္တလေး၊ အောင်‌မြေသာစံမြို့နယ်ရှိ တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ပြင်ဦးလွင်မြို့နယ်၌ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲများ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့‌မွန်းလွဲ ၂ နာရီအချိန်က ပြင်ဦးလွင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ရမည်းသင်းခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေးဟောပြော

ရမည်းသင်းခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေအကြောင်း အသိပညာပေးဟောပြောခြင်းကို ဇွန်လ ၉ ရက်၊ နံနက် ၁၀ နာရီခွဲက ပျော်ဘွယ်မြို့နယ်၊ ရွာသစ်(အနောက်)ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည်။

ညောင်ဦးခရိုင်၌ အမျိုးသမီးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအ‌ဝေးကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်ခရိုင်အမျိုးသမီးရေးရာကော်မတီအစည်းအဝေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်  ၁၀ နာရီခွဲက ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ငါန်းဇွန်မြို့နယ်၌ တစ်ပိုင်တစ်နိုင် ခဝဲပင်စနစ်တကျစိုက်ပျိုးခြင်းဖြင့် ဈေးကောင်းရ 

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၌ ၂၀၂၆ခုနှစ်၊ ဇွန်လအတွင်း တစ်ပိုင်တစ်နိုင် ခဝဲပင် စနစ်တကျစိုက်ပျိုးခြင်းဖြင့် ဈေးကောင်းရကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး