မန္တလေးတိုင်းဒေသကြီး

အမာမြို့၌ ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့သင်တန်းဖွင့်လှစ်

ဧရာဝတီတိုင်းဒသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ အခြေခံစစ်ပညာသင်တန်း အမှတ်စဉ် (၁/၂၀၂၅) (ပစ်ခတ်စဉ်မပါ) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီ အချိန်က ကျင်းပခဲ့သည်။

မြစ်သားမြို့နယ် မြို့ပေါ် (၆) ရပ်ကွက်နှင့် ကျေးရွာများမှ မန္တလေးငလျင်ဒဏ်‌ကြောင့် ပျောက်ဆုံး/ ပျက်စီးသွားသော အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်‌ရေးကတ်ပြားမိတ္တူများ ထုတ်ပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မန္တလေးငလျင်ဒဏ်ကြောင့် ပျောက်ဆုံး/ ပျက်စီးသွားသော အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြား မိတ္တူများပြန်လည် ပြုလုပ်ဆောင်ရွက်ပေးခြင်းကို ရွှေမုဋ္ဌောစေတီတော်မြတ်ကြီးရှိ မဟာအတုလဝေယံဘုံမြင့် ဓမ္မာရုံ၌ မေလ ၁၁ ရက်နေ့က‌ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကဆုန်လပြည့်နေ့တွင် ပြင်ဦးလွင်မြို့ရှိ ဝိသုဒ္ဓါရုံရွှေကျင်ကျောင်းတိုက်တွင်သံဃာတော် (၁၀၈)ပါး ဆွမ်းဆန်စိမ်း လောင်းလှူပွဲ ကျင်းပ

မြန်မာသက္ကရာဇ်  ၁၃၈၇  ခုနှစ်၊  ကဆုန်လပြည့်နေ့တွင်  ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး (၁) ရှိ ဝိသုဒ္ဓါရုံရွှေကျင်ကျောင်းတိုက်တွင် ယမန်နေ့နံနက် (၆:၃၀) နာရီက သံဃာတော် (၁၀၈) ပါး ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်  အလှူရှင်များ တက်ရောက်ကြသည်။

ပြင်ဦးလွင်မြို့တွင် ကဆုန်ညောင်ရေသွန်းပွဲတော် ကျင်းပ 

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ မဟာအံ့ထူးကံသာဆုတောင်းပြည့်ဘုရားကြီး၌ နှစ်စဉ်ကျင်းပမြဲဖြစ်သော (၂၂) ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော်ကို ယမန်နေ့နံနက် (၉:၃၀) နာရီက  အဆိုပါဘုရားကြီး၌   ကျင်းပပြုလုပ်သည်။

ပျော်ဘွယ်မြို့နယ်တွင် မင်းရာမမဟာစေတီတော်မြတ်ကြီး၌ ကဆုန်လပြည့်ဗုဒ္ဓနေ့ ညောင်ရေသွန်းလောင်းသူများ၊ ဘုရားဖူးပြည်သူများဖြင့် စည်ကား

ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်၊ မင်းရာမမဟာစေတီတော်မြတ်ကြီး၌ ကဆုန်လပြည့်ဗုဒ္ဓနေ့ အခါသမယတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်တို့မှ ဘုရားဝင်းအတွင်းရှိ ဗောဓိညောင်ပင်၌ ညောင်ရေသွန်းလောင်းခြင်းကို မေလ (၁၁) ရက်၊ ညနေ (၃) နာရီ က အဆိုပါဘုရားတွင် ကျင်းပသည်။

သာစည်မြို့၌ သံဃာတော် ၁၀၈ ပါးတို့အား ဆွမ်း၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မဝတ္ထုငွေများ လောင်းလှူ

မန္တလေးတိုင်းဒေသကြီး သာစည်မြို့၌ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးမှူးကျင်းပသော သံဃာတော် ၁၀၈ ပါးတို့အား ဆွမ်း၊ ဆွမ်းဟင်း၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မဝတ္ထုငွေများ လောင်းလှူပူဇော်ပွဲကို ကဆုန်လပြည့် (ဗုဒ္ဓ) နေ့ ယမန်နေ့နံနက်က အမှတ် (၆) ရပ်ကွက် သာယာကုန်းကျောင်းတိုက်တွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ်၌ ပင့်သံဃာတော် (၁၀၈)ပါးတို့အား ဆွမ်းဟင်း၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မဝတ္ထုငွေများ လောင်းလှူပွဲ အခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ကဆုန်လပြည့်(ဗုဒ္ဓနေ့) အထိမ်းအမှတ်အဖြစ် ပင့်သံဃာတော် (၁၀၈) ပါးတို့အား ဆွမ်းဟင်း၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မဝတ္ထု‌ငွေများ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၇) နာရီက တရုတ်စုရပ်ကွက် တိုက်ကျောင်းဝန်းအတွင်းရှိ ရွှေကံကူဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေး အခြေခံပညာကျောင်းများတွင် Abate ဆေးခပ်ခြင်းနှင့်ကလိုရင်းဆေးခပ်ခြင်းများ ပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပြန်လည်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူအား ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါမဖြစ်ပွားစေရေး အခြေခံပညာကျောင်းများတွင် ယနေ့နံနက်ပိုင်းက Abate ဆေးခပ်ခြင်း၊ ကလိုရင်းဆေးခတ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မလှိုင်မြို့နယ်တွင် ကဆုန်လပြည့်ဗုဒ္ဓနေ့ ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် ညောင်ရေသွန်းလောင်းပွဲ ကျင်းပ

မိတ္ထီလာခရိုင်၊ မလှိုင်မြို့ အမှတ် (၂) ရပ်ကွက်ရှိ သမိုင်းဝင်ရွှေမုဌောစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်တွင် ကဆုန်လပြည့် ဗုဒ္ဓနေ့အခါသမယ၌ ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် ညောင်ရေသွန်းလောင်းပူဇော်ပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မြစ်သားမြို့နယ် မင်းကျောင်းပရိယတ္တိစာသင်တိုက်ရှိ နိဗ္ဗာန်လမ်းပြဓမ္မာရုံအတွင်း၌ ဆရာတော်၊ သံဃာတော်များကို ပြင်းထန်ဝမ်းပျက်ဝမ်းလျှော‌ရောဂါ (OraVacs) ကာကွယ်ဆေးအား တိုက်ကျွေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ဟန့်တားကာကွယ်ဆေး တိုက်ကျွေးခြင်းလုပ်ငန်းကို ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဘုန်းမြတ်ကိုနှင့် ကျန်းမာရေးဝန်ထမ်းများက ဦးဆောင်ကာ ပြင်းထန်ဝမ်းပျက် ဝမ်းလျှော‌ရောဂါ (OraVacs)ကာကွယ်ဆေးကို မင်းကျောင်း ပရိယတ္တိစာသင်တိုက်ရှိ နိဗ္ဗာန်လမ်းပြဓမ္မာရုံအတွင်း၌ ဆရာတော်၊ သံဃာတော်များအား ယ‌နေ့နံနက် (၉) နာရီအချိန်က တိုက်ကျွေးခဲ့ကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး