ညောင်ဦးမြို့နယ်၌ မီးဘေးလုံခြုံရေး ကွင်းဆင်းဆောင်ရွက်

ညောင်ဦး ဇွန် ၁၀

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်အတွင်း မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ မွန်းလွဲ ၄ နာရီအချိန်က တောင်ဇင်းကျေးရွာအုပ်စု၊ ဘုန်းတော်ကျေးရွာရှိ ရွှေဉာဏ်ရှင် ကိုယ်ပိုင်အထက်တန်းကျာင်းတွင် မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ညောင်ဦးမြို့နယ်၊ တောင်ဇင်းကျေးရွာအုပ်စု၊ ဘုန်းတော်ကျေးရွာရှိ ရွှေဉာဏ်ရှင်ကိုယ်ပိုင် အထက်တန်းကျောင်း မီးဘေးလုံခြုံရေးအတွက် တောင်ဇင်းနယ်မြေမီးသတ်စခန်းမှ တပ်ကြပ်ကြီး မျိုးချိုဦးဆောင်သော တပ်ဖွဲ့ဝင် ၅ ဦးတို့မှ မီးဘေးလုံခြုံရေးစစ်ဆေးခြင်း၊ ကျောင်းသား/ကျောင်းသူများအား မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်း၊ လက်တွေ့မီးငြှိမ်းသတ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဒီပါလင်း