ငါန်းဇွန်မြို့နယ်၌ တစ်ပိုင်တစ်နိုင် ခဝဲပင်စနစ်တကျစိုက်ပျိုးခြင်းဖြင့် ဈေးကောင်းရ 

ငါန်းဇွန် ဇွန်

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၌ ၂၀၂၆ခုနှစ်၊ ဇွန်လအတွင်း စ်ပိုင်တစ်နိုင် ခဝဲပင် စနစ်တကျစိုက်ပျိုးခြင်းဖြင့် ဈေးကောင်းရကြောင်း သိရသည်။

ငါန်းဇွန်မြို့နယ်တွင်  ခဝဲသီးပင်များကို စနစ်တကျ အကွက်ချ၍ စင်တင်စိုက်ပျိုးလျက်ရှိရာ အသီး အားကောင်းပြီး အလုံးချောဖြောင့်စင်းသဖြင့် ဈေးကောင်းရ၍ မိသားစုအပိုဝင်ငွေများ ရရှိလျက်ရှိကြောင်း သိရသည်။ ခဝဲစိုက်ပျိုးရာတွင် ဧက ၅၀ ရှိသော မြေကွက်တွင် မြေပြင် ပေါင်လုပ်၍ သဘာဝမြေဩဇာ နွားချေးဆွေး လှည်းတစ်စီးခန့် ထည့်ရသည်။ ခဝဲမျိုးများကို တပေါင်း၊ တန်ခူးလများတွင် ချစိုက်ရသည်။ အစေ့ ၃၀၀ ခန့်ပါသော ခဝဲမျိုးစေ့တစ်ထုပ်လျှင် ဒေသပေါက်ဈေး ကျပ် ၄၀၀၀၀ မှ ၄၅၀၀၀ ခန့် ဝယ်ယူရကြောင်း သိရသည်။ မြေပြင်ထားသောဘောင်များပေါ်တွင် ပလပ်စတစ်များဖုံးအုပ်၍ သုံးတောင်အကွာ အပေါက်ငယ်များဖောက်၍ ခဝဲစေ့များ ချထားစိုက်ပျိုးရသည်။ ပလပ်စတစ်တစ်လိပ်လျှင် ကျပ် ၁၆၀၀၀၀ ခန့်ရှိကြောင်း သိရသည်။ ယင်းနောက် ခဝဲပင်များကို တစ်ပတ်လျှင် တစ်ပြည်နှုန်း အာမိုနိုက်ထရိုကို ကျွေးပေးရသည်။ ခဝဲပင်သည် တစ်လခွဲသက်တမ်းတွင် အပွင့်ပွင့်ပြီး နှစ်လခွဲသက်တမ်းတွင် အသီးများခူးဆွတ် ရောင်းချနိုင်ပြီဖြစ်ကြောင်းသိရသည်။ အသီးများကို တစ်ရက်ခြား တစ်ခါခူးဆွတ်ရာ တစ်ကြိမ်လျှင် ၁၃ ပိဿာခန့် ရရှိကြောင်း သိရသည်။ ယခုအခါ ခဝဲသီးတစ်ပိဿာလျှင် ဒေသပေါက်ဈေး ကျပ်၂၀၀၀ နှုန်း ရောင်းချရ ကြောင်း သိရသည်။

ခဝဲသီးပင်များစိုက်ပျိုးရာတွင် စင်တင်စိုက်ပျိုးခြင်းဖြင့် ခဝဲသီးများ အလုံးချောပြီး ပိုးမွှားကင်းစင်ကြောင်း၊ စင်တင်ရာတွင် ဝါးအလုံးတစ်ရာခန့်လိုကြောင်း၊ စင်ဆောက်လုပ်ရန် လူငှားခ စရိတ်အနည်းငယ် စိုက်ထုတ်ရကြောင်း၊ ယင်းအတွက် ကုန်ကျစရိတ် တစ်သိန်းနည်းပါးခန့် ကုန်ကျကြောင်း သို့သော်မြေလျောက်စိုက်ပျိုးခြင်းထက် စင်တင်စိုက်ပျိုးခြင်းက အသီးပို၍ အသီးချောကာ အလုံးဖြောင့်စင်း ခြင်းကြောင့် ရောင်းပန်းလှပြီး ဈေးကောင်းရရှိကြောင်း၊ မြေပြင်သည်မှ ခဝဲပင်သီးသည်အထိ စုစုပေါင်း ကုန်ကျစရိတ် ခုနှစ်သိန်းခန့်သာကုန်ကျကြောင်း၊ ယခင်နှစ်ကလည်း ခဝဲသီးတစ်ပိဿာ ၂၀၀၀/၃၀၀၀ ရောင်းရကြောင်း၊ ထို့ကြောင့် ခဝဲပင်ကို စိုက်ပျိုးသင့်ကြောင်း ညောင်ချင်းကျေးရွာမှ ခဝဲစိုက် တောင်သူ ဦးစိုးနိုင်ထံမှ သိရသည်။

ကိုကိုနိုင်(ပြန်/ဆက်)