အမရပူရမြို့နယ်၌ အခြေခံစက်ချုပ်နည်းပညာသင်တန်းနှင့် ဓာတုဗေဒဆေးဆိုးနည်းပညာသင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ

အမရပူရ ဇွန် ၁၀

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သည့် အခြေခံစက်ချုပ်နည်းပညာသင်တန်းနှင့် ဓာတုဗေဒဆေးဆိုးနည်းပညာ သင်တန်းဆင်းပွဲ အခမ်းအနားကို ဇွန် ၉ ရက်နေ့ နံနက် ၁၀ နာရီက ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံသင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

သင်တန်းဆင်းပွဲ  အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဦးတင်ကိုလင်းက အဖွင့်အမှာစကား ပြောကြားပြီး ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံ ကျောင်းအုပ်ကြီးက သင်တန်းဆိုင်ရာများကို ရှင်းလင်းပြောကြားခဲ့ပါသည်။ သင်တန်းများကို မေလ ၅ ရက်နေ့မှ ဇွန်လ ၃ ရက်နေ့ထိ သင်တန်းသူ ၁၅ ဦးဖြင့် တစ်လကြာ ဖွင့်လှစ်ခဲ့ပြီး၊ ဓာတုဗေဒ ဆေးဆိုးနည်းပညာသင်တန်းကို ဇွန် ၂ ရက်နေ့မှ ဇွန် ၈ ရက်နေ့ထိ  ရက်သတ္တတစ်ပတ်အကြာ သင်ကြားခဲ့ရာ သင်တန်းသူ ၁၅ ဦး စုစုပေါင်းသင်တန်းသူ ၃၀ ဦး တက်ရောက်သင်ကြားခဲ့ပြီး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကနှင့် တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များ ပေးအပ်ကာ သင်တန်းဆင်း ကုန်ချောထည်များအား လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းဆင်းပွဲ အခမ်းအနားသို့ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်တီဥက္ကများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဥက္ကနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အသက်မွေးဝမ်းကျောင်းသိပ္ပံကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများသင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

လဲ့လဲ့ခိုင်