ပျော်ဘွယ် ဇွန် ၁၀
ရမည်းသင်းခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေအကြောင်း အသိပညာပေးဟောပြောခြင်းကို ဇွန်လ ၉ ရက်၊ နံနက် ၁၀ နာရီခွဲက ပျော်ဘွယ်မြို့နယ်၊ ရွာသစ်(အနောက်)ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည်။
အသိပညာပေးဟောပြောပွဲတွင် ရမည်းသင်းခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်းက နိုင်ငံတော်အနေဖြင့် ကလေးသူငယ်အခွင့်ရေးများနှင့် အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများ၊ နည်းအမျိုးမျိုးဖြင့် အကြမ်းဖက်ခြင်းမှ ကာကွယ်ပေးနေမှုအခြေအနေများ၊ မသန်စွမ်းကလေးငယ်များရရှိနိုင်သည့် အခွင့်အရေးများ၊ ကလးသူငယ်တိုင်းလိုက်နာရမည့်ကျင့်ဝတ်စည်းကမ်းများ စသည်တို့ကို ကျောင်းသား၊ ကျောင်းသူများနှင့်အတူ အပြန်အလှန်ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)