မန္တလေးတိုင်းဒေသကြီး

မြစ်သားမြို့နယ် ရွှေနဂါး ဝါးပျော့ဖက်နှင့်တရုတ်ရိုးရာ ခဲစက္ကူလုပ်ငန်းစက်ရုံတွင် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့်မီးငြှိမ်းသတ်ရေးသရုပ်ပြသ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင်ရွှေနဂါးဝါးပျော့ဖက်နှင့် တရုတ်ရိုးရာခဲစက္ကူလုပ်ငန်းစက်ရုံတွင် ပွင့်လင်း ရာသီရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးအကြံပြုခြင်း၊ မီးဘေးကြိုတင်ကာကွယ်ရေးအသိ ပညာပေးဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ရေး​​များကို မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးဆောင်ကာသရုပ်ပြသခြင်းကို ယမန်နေ့နံနက် (၉)နာရီအချိန်ကအဆိုပါစက်ရုံတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယွန်းပညာကောလိပ်(ပုဂံ)၌ ဒီဂျစ်တယ် အသိပညာ၊ ခံယူချက်နှင့်အလေ့အကျင့်ဆိုင်ရာ သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် ပုဂံယွန်းပညာကောလိပ်၌ ဒီဂျစ်တယ်အသိပညာ ခံယူချက်နှင့်အလေ့အကျင့်ဆိုင်ရာသင်တန်း ဖွင့်ပွဲအခန်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ယွန်းပညာကောလိပ်(ပုဂံ)အစည်း အဝေးခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။

မန္တလေးတိုင်းဒေသကြီး သံဃနာယကအဖွဲ့ အဖွဲ့ဝင်များ၏ အနားယူခြင်း၊ ပြန်လည်ရွေးချယ်ခြင်းဆိုင်ရာအစည်းအဝေးနှင့် အဋ္ဌမအကြိမ် မန္တလေးတိုင်းဒေသကြီး သံဃာ့ဝန်ဆောင်အဖွဲ့ (သတ္တမ)အစည်းအဝေးကျင်းပ

မန္တလေးတိုင်းဒေသကြီး သံဃနာယကအဖွဲ့ အဖွဲ့ဝင်များ၏ အနားယူခြင်း၊ ပြန်လည်ရွေးချယ်ခြင်းဆိုင်ရာ အစည်းအဝေးနှင့် အဋ္ဌမအကြိမ် မန္တလေးတိုင်းဒေသကြီးသံဃာ့ဝန်ဆောင်အဖွဲ့(သတ္တမ)အစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက မဟာအောင်မြေမြို့နယ်ရှိ မစိုးရိမ်တိုက်သစ်၊ ဓမ္မမဟိဒ္ဓိ(၄-ထပ်)ကျောင်းဆောင်တွင်ကျင်းပရာ မန္တလေးတိုင်းဒေသကြီးသံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တတိက္ခိန္ဒြိယာဘိဝံသ အမှူးပြုပြီး တိုင်းဒေသကြီးသံဃနာယကအဖွဲ့ ဩဝါဒါစရိယဆရာတော်ကြီးများ၊ တိုင်းဒေသကြီး သံဃနာယကဆရာတော်ကြီးများနှင့် သံဃာ့ဝန်ဆောင်ဆရာတော်များ ကြွရောက်ချီးမြှင့်တော်မူပြီး၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြည်ညိုကြသည်။

ချမ်းမြသာစည်မြို့နယ်၌ ယာယီနေရပ်စွန့်ခွာနေရသည့် ပြည်သူများအတွက် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေမှ တစ်ဦးလျှင်ငွေကျပ် (၂၀၀၀ဝိ/) နှုန်း ပေးအပ်

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်တွင် ဒေသအသီးသီးမှ အကြမ်းဖက်မှုဖြစ်စဥ်များကြောင့် နေရပ်စွန့်ခွာနေရသည့် ပြည်သူများ၊ ဝန်ထမ်းများ၊ မိသားစုဝင်များအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ တစ်ဦးလျှင် ငွေကျပ် ၂၀၀၀ဝိ/ နှုန်း ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက စုရပ်များအလိုက် ကျင်းပပြုလုပ်ခဲ့သည်။

ယာယီနေရပ်စွန့်ခွာ ပြည်သူများအတွက် အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေမှ ထောက်ပံ့ပေးအပ်

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်တွင် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ထောက်ပံ့ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက နန္ဒာကျေးရွာအုပ်စု၊ နန္ဒာမြောက်ကျေးရွာ၌ တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့သည်။

မွေးကင်းစကလေးအသက်ကယ်ပြုစုစောင့်ရှောက်ခြင်း “Training on Neonatal Resuscitation” (တတိယအသုတ်)သင်တန်းဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ သားဖွားဆရာမများအား ကလေးအထူးကုဆရာဝန်ကြီးများ ကိုယ်တိုင်သင်ကြားပေးမည့် “မွေးကင်းစကလေးအသက်ကယ်ပြုစုစောင့်ရှောက်ခြင်း”  (Training on Neonatal Resuscitation)(တတိယအသုတ်) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက မန္တလေး၊ မဟာအောင်မြေမြို့နယ်၊ ၅၃လမ်း၊ ၃၆ နှင့် ၃၇ လမ်းကြားရှိ Hotel Hazel တွင် ကျင်းပပြုလုပ်ခဲ့သည်။

သာစည်မြို့နယ်၌ သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် သာစည်မြို့နယ်၌ သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီခွဲက ပြည်ညောင်ကျေးရွာ အောင်သိဒ္ဓိဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

ရတနာပုံတက္ကသိုလ် (၂၅)နှစ်မြောက် ငွေရတုအထိမ်းအမှတ် တတိယအကြိမ် သံဃာတော် (၁၀၈)ပါး ဆွမ်းဆန်စိမ်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ကျရောက်မည့် အမရပူရမြို့နယ်ရှိ ရတနာပုံတက္ကသိုလ်၏ (၂၅)နှစ်မြောက် ငွေရတုအထိမ်း အမှတ်အဖြစ် ရတနာပုံတက္ကသိုလ်ဗုဒ္ဓဘာသာ အသင်းကကြီးမှူး၍ ပါမာက္ခချုပ်အမှူးပြုသော သင်ကြား/စီမံမိသားစုများ စုပေါင်း၍ အမရပူရမြို့နယ်အတွင်း၌ သီတင်းသုံးတော်မူကြသည့် သံဃာတော် (၁၀၈) ပါးအား တတိယအကြိမ် ဆွမ်းဆန်စိမ်း ဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက အဆိုပါတက္ကသိုလ်ရှိ ပင်မဆောင်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

မန္တလေးတိုင်းဒေသကြီး သံဃာ့ဝန်ဆောင်အဖွဲ့ သတ္တမအစည်းအဝေးကျင်းပ

မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မမဟိဒ္ဓိလေးထပ်ကျောင်းဆောင်၊ တတိယထပ်တွင်၊ အဋ္ဌမအကြိမ်၊ မန္တလေးတိုင်းဒေသကြီး သံဃာ့ဝန်ဆောင်အဖွဲ့၊ သတ္တမအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

မိတ္ထီလာခရိုင်အတွင်းရှိ စက်သုံးဆီဆိုင်များအား အထူးဈေးကွက်စောင့်ကြည့်စစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် ဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့နှင့် ပူးပေါင်း၍ စျေးကွက်တွင်းရောင်းချနေသော စက်သုံးဆီများအားသတ်မှတ်အချိန်အတွယ်နှင့် အရည်အသွေးစံချိန်စံညွှန်း ပြည့်မီခြင်းရှိ/မရှိ၊ MSMEနှင့် စက်မှုလုပ်ငန်းများအတွက် စက်သုံးဆီလိုအပ်ချက်များ ဝယ်ယူရာတွင် အဆင်ပြေစေရေးနှင့် စက်သုံးဆီများပြတ်လပ်မှုရှိ/မရှိ  ဖေဖော်ဝါရီလ ၁၉ ရက်နေ့က မိတ္ထီလာမြို့နယ်၊ မိတ္ထီလာ-ကျောက်ပန်းတောင်းပေါ်ရှိ စက်သုံးဆီဆိုင် (၇) ဆိုင်အား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး