ညောင်ဦး ဖေဖော်ဝါရီ ၂၁
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် ပုဂံယွန်းပညာကောလိပ်၌ ဒီဂျစ်တယ်အသိပညာ ခံယူချက်နှင့်အလေ့အကျင့်ဆိုင်ရာသင်တန်း ဖွင့်ပွဲအခန်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ယွန်းပညာကောလိပ်(ပုဂံ)အစည်း အဝေးခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ပုဂံယွန်းပညာကောလိပ်တွင် MEKONG LANCANG COOPERATION FUND 2024 ၊ Digital ဒီဂျစ်တယ် အသိပညာခံယူချက်နှင့်အလေ့အကျင့်ဆိုင်ရာသင်တန်းဖွင့်ပွဲ တွင် ယွန်းပညာကောလိပ် (ပုဂံ) ကျောင်းအုပ်ဆရာမကြီး ဒေါ်နီလာမြင့်က အဖွင့်အမှာ စကားပြောကြားပြီး သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များအားရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ဒီဂျစ်တယ် အသိပညာ ခံယူချက်နှင့်အလေ့အကျင့်ဆိုင်ရာသင်တန်းအား စာတွေ့လက်တွေ့ Power Point ဖြင့် တင်ပြပြအကြောင်းအရာများ၊ မှတ်ပုံတင်ဆိုင်ရာအမိန့်ထုတ်ပြန်ခြင်း၊ စနစ်တွင်ဆောင်ရွက်ထားသည့် အချက်များ၊ ကြိုတင်ပြင်ဆင်ထားသင့်သည့်အချက်များ၊ လျှောက်ထားရာတွင် သတိပြုရမည့် အချက်များ၊ ကုန်စည်အုပ်စုနှင့်ဝန်ဆောင်မှုအုပ် စုသတ်မှတ်ချက်များ eComReg System Online Sales မှတ်ပုံတင်လက်မှတ် လျှောက်ထား၊ ထုတ်ယူပုံ အဆင့်ဆင့်တို့အား ရှင်းလင်းသင်ကြားရာ သိရှိလိုသည်များအား သင်တန်းသား သင်တန်းသူများက ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ဒီပါလင်း