ချမ်းမြသာစည်မြို့နယ်၌ ယာယီနေရပ်စွန့်ခွာနေရသည့် ပြည်သူများအတွက် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေမှ တစ်ဦးလျှင်ငွေကျပ် (၂၀၀၀ဝိ/) နှုန်း ပေးအပ်

ချမ်းမြသာစည် ဖေဖော်ဝါရီ ၂၁

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်တွင် ဒေသအသီးသီးမှ အကြမ်းဖက်မှုဖြစ်စဥ်များကြောင့် နေရပ်စွန့်ခွာနေရသည့် ပြည်သူများ၊ ဝန်ထမ်းများ၊ မိသားစုဝင်များအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ တစ်ဦးလျှင် ငွေကျပ် ၂၀၀၀ဝိ/ နှုန်း ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက စုရပ်များအလိုက် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားများတွင် ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ချမ်းက ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ငွေကျပ်(၂၀၀၀ဝိ/)နှုန်းစီ ပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက် ထွန်တုံးရပ်ကွက်၊‌ အောင်ပင်လယ်ရပ်ကွက်၊ မြရည်နန္ဒာရပ်ကွက်၊ အောင်သာယာ ရပ်ကွက်နှင့်ကန်သာယာရပ်ကွက်များရှိ ယာယီနေရပ်စွန့်ခွာနေရသူ စုစုပေါင်း(၄၃၅)ဦး အတွက် တစ်ဦးလျှင် ၂၀၀၀ဝိ/ ကျပ်နှုန်းဖြင့် ငွေကျပ် - ၈၇၀၀၀၀၀/ (ရှစ်ဆယ့်ခုနှစ်သိန်းကျပ် တိတိ/) အား ယာယီနေရပ်စွန့်ခွာသူများ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

ချမ်းမြေ့