မြစ်သားမြို့နယ် ရွှေနဂါး ဝါးပျော့ဖက်နှင့်တရုတ်ရိုးရာ ခဲစက္ကူလုပ်ငန်းစက်ရုံတွင် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့်မီးငြှိမ်းသတ်ရေးသရုပ်ပြသ

​မြစ်သား  ဖေဖော်ဝါရီ ၂၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင်ရွှေနဂါးဝါးပျော့ဖက်နှင့် တရုတ်ရိုးရာခဲစက္ကူလုပ်ငန်းစက်ရုံတွင် ပွင့်လင်း ရာသီရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးအကြံပြုခြင်း၊ မီးဘေးကြိုတင်ကာကွယ်ရေးအသိ ပညာပေးဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ရေး​​များကို မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးဆောင်ကာသရုပ်ပြသခြင်းကို ယမန်နေ့နံနက် (၉)နာရီအချိန်ကအဆိုပါစက်ရုံတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါမီးငြိမ်းသတ်ရေးသရုပ်ပြသဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး  ဦးအောင်မင်းကျော်က အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး မီးသတ်တပ်ဖွဲ့ဝင်များက မီးလောင်မှုအမျိုးအစားများအလိုက် မီးငြှိမ်းသတ်ခြင်းများကို မီးငြှိမ်းသတ်ယာဉ်၊ မီးသတ်ရေသယ်ယာဉ်၊ မီးသတ်ဆေးဘူးများ အသုံးပြု၍ လက်တွေ့မီးငြှိမ်းသတ် သရုပ်ပြခြင်းများပြုလုပ်ခဲ့သည်။

အဆိုပါ အသိပညာပေးခြင်းနှင့်မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်မှုသရုပ်ပြသရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူး ဘိုဘိုအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ မြို့နယ်ရဲ တပ်ဖွဲ့ မှူး ရဲမှူးဌေးဝင်း၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်မင်းကျော်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ညိုညိုဝင်းနှင့် ရွှေနဂါးဝါးပျော့ဖက်နှင့် တရုတ်ရိုးရာခဲစက္ကူလုပ်ငန်းစက်ရုံမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများတက်ရောက်ခဲ့ကြောင်း  သိရသည်။

ဝင်းမင်းထွန်း(ပြန်/ဆက်)