မဟာအောင်မြေ ဖေဖော်ဝါရီ ၂၁
မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မမဟိဒ္ဓိလေးထပ်ကျောင်းဆောင်၊ တတိယထပ်တွင်၊ အဋ္ဌမအကြိမ်၊ မန္တလေးတိုင်းဒေသကြီး သံဃာ့ဝန်ဆောင်အဖွဲ့၊ သတ္တမအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး သံဃာ့နာယကအဖွဲ့ ဩဝါဒဆရာတော် ဘဒ္ဒန္တနန္ဒောဘာသ (ရန်အောင်မင်းကျောင်း၊ ရမည်းသင်းမြို့) တိုင်းဒေကြီးသံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဘဒ္ဒန္တတိက္ခိန္ဒြိ ယာဘိဝံသ (မစိုးရိမ်တိုက်သစ်၊ ဓမ္မဂါရဝကျောင်း)၊ တိုင်းဒေကြီးသံဃနာယကအဖွဲ့ ဒုဥက္ကဋ္ဌဘဒ္ဒန္တ ပညေသိက၊ (စက်ဝန်မင်းကျောင်းတိုက်၊ အောင်မြေသာစံမြို့နယ်)တိုင်းဒေကြီး သံဃနာယကအဖွဲ့ အကျိုးတော်ဆောင် ဘဒ္ဒန္တဝါသဝသိရီ (သာသနာ့ဇောတိကာရုံကျောင်း၊ ဘုရားကြီးတိုက်၊ ချမ်းမြသာစည်မြို့နယ်) တိုင်းဒေကြီးသံဃနာယကအဖွဲ့ တွဲဖက်အကျိုးတော်ဆောင်ဘဒ္ဒန္တကဝိန္ဒ၊ (ရတနာမာရ်အောင် ကျောင်းတိုက်၊ ပြင်ဦးလွင်မြို့နယ်) ဘဒ္ဒန္တဓမ္မာဓိပတျာလင်္ကာရ (အလည်ရွှေကျောင်းကြီး၊ မိုးကောင်းတိုက်၊ ချမ်းအေးသာစံမြို့နယ်) ဘဒ္ဒန္တဃောသိတ (မင်းကုန်းကျောင်းတိုက်၊ မြစ်သားမြို့နယ်)ဘဒ္ဒန္တဓမ္မာဝုဓ၊(မြတ်ရွှေဂူကျောင်းတိုက်၊ကျောက်ပန်းတောင်းမြို့နယ်)၊ ဘဒ္ဒန္တဇဝန၊ ပထမကျော်ဓမ္မာစရိယတိုက်သစ်၊ မိတ္ထီလာမြို့နယ်) ဘဒ္ဒန္တဝိနယ (ပရိယတ္တိ မာမကျောင်းတိုက်၊ ပျော်ဘွယ်မြို့နယ်) ဘဒ္ဒန္တဣန္ဒာစာရ (မြို့ရှေ့ကျောင်းတိုက်၊ တောင်သာမြို့နယ်) တိုင်းဒေသကြီးသံဃနာယကဆရာတော်ကြီး(၁၂)ပါးနှင့် သံဃာ့ဝန်ဆောင် ဆရာတော်(၁၀၈)ပါး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦး၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးမြင့်အောင်၊ တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးမှူး ဦးဝေဇင်ထွန်း၊ တိုင်းဒေသကြီးသာသနာရေးမှူးဦးဖြိုးဇော်ဇော်၊ မဟာအောင်မြေခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ဝဏ္ဏအောင်၊ မဟာအောင်မြေမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်၊ အဖွဲ့ဝင် ဗိုလ်မှူး ဆွေလွင်အောင်နှင့် ဖိတ်ကြားထားရှိသောဧည့်သည်တော်များ စုစုပေါင်း (၄၅)ဦးခန့်တက်ရောက်သည်။
အခမ်းအနားသို့ ကြွရောက်လာကြသော တိုင်းဒေသကြီးသံဃနာယဆရာတော်များ၏ ဘွဲ့အမည် စာရင်းကိုဖတ်ကြား၍ တိုင်းဒေသကြီးသံဃာ့နာဝန်ဆောင်အဖွဲ့ လစ်လပ်သွားသော ဆရာတော်များ၏နေရာများအား အစားထိုးရွေးချယ်ခြင်း၊ အဋ္ဌမအကြိမ် တိုင်းဒေသကြီးသံဃာ့ဝန်ဆောင်အဖွဲ့ (သတ္တမ) အစည်းအဝေးထမြောက်အောင်မြင်ကြောင်း လျှောက်ထားခဲ့ပြီး အစည်းအဝေးကြီး၏ သဘာပတိ အဖြစ် တိုင်းဒေကြီးသံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ ဆရာတော် ဘဒ္ဒန္တတိက္ခိန္ဒြိယာဘိဝံသ (မစိုးရိမ်တိုက်သစ်၊ ဓမ္မဂါရဝကျောင်း)မှ ဆောင်ရွက်တော်မူပြီး အခမ်းအနားမှူးအဖြစ် တိုင်းသံဃနာယကအဖွဲ့အကျိုးတော်ဆောင် ဆရာတော် ဘဒ္ဒန္တဝါသဝသိရီက ဆောင်ရွက်တော်မူ၍ ကြွရောက်တော်မူလာကြကုန်သော ဆရာတော် သံဃာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိသတ်တို့မှ“သာသနဿစ လောကဿ” စသော နှစ်ဂါထာကိုသုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခြင်း၊ တိုင်းဒေသကြီးသံဃနာယကအဖွဲ့ ဩဝါဒစရိယဆရာတော် ဘဒ္ဒန္တနန္ဒောဘာသ (ရန်အောင်မင်းကျောင်း၊ ရမည်းသင်းမြို့)က ဩဝါဒကထာ ချီးမြှင့်ခြင်း၊ တိုင်းသံဃနာယက ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တတိက္ခိန္ဒြိယာဘိဝံသမှ သာရဏီယဩဝါဒကထာ မိန့်ကြားတော်မူခြင်း၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်မှ သာသနာရေးဆိုင်ရာများ လျှောက်ထားခြင်း၊ ၂၀၂၄ ခုနှစ်၊ အဋ္ဌမအကြိမ် မန္တလေးတိုင်းဒေသကြီးသံဃာ့နာယကအဖွဲ့၏ အစီရင်ခံစာကိုတင်ပြလျှောက်ထားခြင်း၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ထံတော်မှ ပေးပို့သည့် ညွှန်ကြားစာများကို ဆွေးနွေးတော်မူကြခြင်းနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးမှ တင်ပြလျှောက်ထားစာများကို ဆွေးနွေး တော်မူခဲ့ကြပြီး အစည်းအဝေးကြီး၏ သဘာပတိ တိုင်းဒေသကြီးသံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်မှ နိဂုံးချုပ် ဩဝါဒကထာ မိန်ကြားတော်မူပြီး ဝန်ကြီးချုပ်မှ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ပြီး အဋ္ဌမအကြိမ် တိုင်းဒေသကြီးသံဃာ့ဝန်ဆောင်အဖွဲ့ (သတ္တမ)အစည်းအဝေးကို “ဇယန္တော ဗောဓိယာမူလေ” စသောနှစ်ဂါထာကိုရွတ်ဆို၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ကာ ဝန်ကြီးချုပ်နှင့်အဖွဲ့မှ ဆရာတော်ကြီးများအား နေ့ဆွမ်းဆက်ကပ်ခဲ့သည်။
အောင်ဇော်မင်း