မွေးကင်းစကလေးအသက်ကယ်ပြုစုစောင့်ရှောက်ခြင်း “Training on Neonatal Resuscitation” (တတိယအသုတ်)သင်တန်းဖွင့်လှစ်

အောင်မြေသာစံ ဖေဖော်ဝါရီ ၂၁

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ သားဖွားဆရာမများအား ကလေးအထူးကုဆရာဝန်ကြီးများ ကိုယ်တိုင်သင်ကြားပေးမည့် “မွေးကင်းစကလေးအသက်ကယ်ပြုစုစောင့်ရှောက်ခြင်း”  (Training on Neonatal Resuscitation)(တတိယအသုတ်) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက မန္တလေး၊ မဟာအောင်မြေမြို့နယ်၊ ၅၃လမ်း၊ ၃၆ နှင့် ၃၇ လမ်းကြားရှိ Hotel Hazel တွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး၊ သင်တန်းနည်းပြများဖြစ်ကြသည့် ဆေးတက္ကသိုလ် (မန္တလေး) ၊ကလေးကျန်းမာပညာဌာနမှ ဌာနမှူးနှင့် ဆရာ၊ ဆရာမများ၊ ကလေးဆေးရုံ ခုတင်(၅၅၀)နှင့်ခုတင်(၃၀၀)တို့မှ ဆေးရုံအုပ်ကြီးများနှင့် ကလေးအထူးကုဆရာဝန်ကြီးများ၊ ခရိုင်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၊ တောင်သာ၊ကျောက်ဆည်၊ သာစည်၊ ဝမ်းတွင်း၊ မြစ်သားမြို့နယ်တို့မှ သားဖွား ဆရာမများ သားဖွားဆရာမများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းနိုင်က အမှာစကား ပြောကြားပြီး သင်တန်းနည်းပြများကိုယ်စား ဆေးတက္ကသိုလ်(မန္တလေး)၊ကလေးကျန်းမာပညာဌာန၊ပါမောက္ခ၊ဌာနမှူး ဒေါက်တာကျော်မျိုး က ကြိုဆိုမိတ်ဆက်စကားပြောကြားခဲ့သည်။

ထို့နောက် သင်တန်းနည်းပြများနှင့သင်တန်းသူများက အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကူးကြ သည်။ မွေးကင်းစကလေးအသက်ကယ်ပြုစုစောင့်ရှောက်ခြင်း(Neonatal Resuscitation) သင်တန်းများကို  ဒီဇင်ဘာလ ၂၆ ရက်က သင်တန်းသူ(၁၄၇)ဦးအား ပထမအသုတ်အဖြစ် လည်းကောင်း၊ ဇန်နဝါရီ ၂၄ ရက်နေ့က သင်တန်းသူ(၁၇၀)ဦးအား ဒုတိယအသုတ်အဖြစ်လည်းကောင်း၊ ယခုတတိယအကြိမ်သင်တန်းကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် သင်တန်းသူ (၁၇၀)ဦးအားလည်းကောင်း အသီးသီးဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပြီး ကျန်ရှိသော သားဖွား ဆရာမများအား မတ်လတွင် စတုတ္ထအသုတ်အဖြစ် ဆက်လက်ပို့ချသွားမည်ဖြစ်ကာ မွေးကင်းစကလေးသေနှုန်း လျော့ကျစေရေးနှင့်အရည်အသွေးပြည့်ဝသာ သားဖွားဆရာမများ ပေါ်ထွန်းလာစေရေးအတွက် ရည်ရွယ်ဖွင်လှစ်ခြင်းဖြစ်ကြောင်း၊ သင်တန်းကာလ(၂)ရက်အတွင်း ကလေးအထူးကုဆရာဝန်ကြီး(၁၄)ဦးတို့က စာတွေ့တစ်ရက်၊လက်တွေ့တစ်ရက် သင်ကြားပို့ချပေးသွားမည်ဖြစ်‌‌ကြောင်း သိရသည်။

မြင့်မော်ထွန်း(အောင်စံ၊ပြန်/ဆက်)