ယာယီနေရပ်စွန့်ခွာ ပြည်သူများအတွက် အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေမှ ထောက်ပံ့ပေးအပ်

ပုသိမ်ကြီး ဖေဖော်ဝါရီ ၂၁

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်တွင် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ထောက်ပံ့ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက နန္ဒာကျေးရွာအုပ်စု၊ နန္ဒာမြောက်ကျေးရွာ၌ တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့သည်။

မြို့နယ်အတွင်း ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများက ကျရာကျေးရွာအုပ်စုများတွင် ဦးဆောင်၍ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့်အတူ စာရင်းများ စိစစ်ကာ ယာယီနေရပ်စွန့်ခွာ ပြည်သူများအား တစ်ဦးလျှင် ၂ သောင်းကျပ်နှုန်းဖြင့် ထောက်ပံ့ပေးလျက်ရှိသည်။ ပုသိမ်ကြီးမြို့နယ်အနေဖြင့် ပထမအကြိမ် စာရင်းကောက်ယူမှုအရ ယာယီနေရပ်စွန့်ခွာသူ ပြည်သူ(၂၄၈၄)ဦး အတွက် ထောက်ပံ့ပေးလျက်ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)