မန္တလေးတိုင်းဒေသကြီး

ပုသိမ်ကြီးမြို့နယ်တွင်းရှိ စာမေးပွဲဖြေဆိုမည့် အခြေခံပညာကျောင်းများ မီးဘေးလုံခြုံရေးစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများသည် မြို့နယ်အတွင်းရှိ စာမေးပွဲဖြေဆိုမည့် အခြေခံပညာကျောင်းများ မီးဘေးလုံခြုံရေး စစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက စတင်ကာအခြေခံပညာကျောင်းများသို့ ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။

မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

မန္တလေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ ၂၀၁၉ခုနှစ်တွင် အတည်ပြုပြဋ္ဌာန်းခဲ့သည့် စားသုံးသူကာကွယ်ရေးဥပဒေအရ စားသုံးသူအသိပညာပေးခြင်းများကို စားသုံးသူနယ်ပယ်အသီးသီးသာမက တက္ကသိုလ်/ကောလိပ်များရှိ ကျောင်းသား၊ ကျောင်းသူများကိုလည်း စားသုံးသူအသိပညာပေးခြင်းများကို အခါအားလျော်စွာဆောင်ရွက်လျက်ရှိရာ မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ် သီရိရတနာခန်းမတွင် ဖေဖော်ဝါရီ ၁၉ ရက်နေ့နံနက်ပိုင်းက စားသုံးသူအသိပညာပေးဟောပြောဆွေးနွေးပွဲကို ကျင်းပခဲ့သည်။

၂၀၂၅ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ချီးမြှင့်အပ်နှင်းပွဲအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ၂၀၂၅ ခုနှစ် သာသနာတော်ဆိုင်ရာ သာသနာနုဂ္ဂဟဘွဲ့တံဆိပ်တော်များ ဆက်ကပ်ချီးမြှင့်အပ်နှင်းပွဲအခမ်းအနားကို အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီလ(၁၉)ရက်နေ့ မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ လုပ်ငန်းကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြသည်။

တရုတ်အစားအစာ ချက်ပြုတ်နည်း သင်တန်းဖွင့်လှစ်

မြန်မာ-တရုတ်သံတမန်ထူထောင်ခြင်း (၇၅)နှစ်မြောက် အထိမ်းအမှတ်အဖြစ် ဖူကျင်နိုင်ငံတကာ ဘာသာစကား သင်တန်းကျောင်းနှင့် မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း (မန္တလေး)တို့ ပူးပေါင်းစီစဉ်ဆောင်ရွက်မှုဖြင့် တရုတ်အစားအစာ ချက်ပြုတ်နည်းသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ဒေးဝန်းအနောက်ရပ်ကွက်၊ အထက်ကမ်းနားလမ်းရှိ ကြင်းတော်ယန်ဗုဒ္ဓဘာဘုရားကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး

မန္တလေး၊အောင်မြေသာစံမြို့နယ်၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အကွက်တာဝန်ခံများသည် ယမန်နေ့ နံနက်ပိုင်းက အိုးဘိုရွှေကျင်ရပ်ကွက်အတွင်း မီးဘးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ရပ်ကွက်အတွင်း တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေးကြကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် (၆၃) နှစ်မြောက် တောင်သူလယ်သမားနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ၂၀၂၅ ခုနှစ် မတ်လ ၂ ရက်နေ့တွင် ကျရောက်သည့် (၆၃) နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနားအား ချမ်းမြသာစည်မြို့နယ်၊ ဆင်ဖြူကန်ကွင်းတွင် စည်ကားသိုက်မြိုက်စွာဖြင့် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးများကို ဖေဖော်ဝါရီလ (၁၉) ရက်နေ့ မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့်လုပ်ငန်းကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြသည်။  

ချမ်းအေးသာစံမြို့နယ်၌ တရုတ်အစားအစာ ချက်ပြုတ်နည်း သင်တန်းဖွင့်ပွဲအခမ်းအနားအားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ဒေးဝန်းအနောက်ရပ်ကွက်၊ ကြင်းတော်ယန် ဗုဒ္ဓဘာဘုရားကျောင်းခန်းမတွင် ဟိုတယ်နှင့်ခရီးသွားဝန်ကြီးဌာန၊ မြန်မာ-တရုတ်သံတမန် ထူထောင်ခြင်း (၇၅)နှစ်မြောက်အထိမ်းအမှတ်အဖြစ် ဖူကျင်နိုင်ငံတကာဘာသာစကား သင်တန်းကျောင်းနှင့် မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း (မန္တလေး)တို့ ပူးပေါင်းစီစဉ် ဆောင်ရွက်မှုဖြင့် တရုတ်အစားအစာ ချက်ပြုတ်နည်း သင်တန်းဖွင့်ပွဲအခမ်းအနားအား ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

မဟာအောင်မြေမြို့နယ်၌ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေသူများနှင့်ဆက်စပ်လုပ်ငန်းများမှ တာဝန်ရှိသူများတွေ့ဆုံဆွေးနွေးပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်၊  MANDALAY Hotel၊ Ball Room တွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် မန္တလေးတိုင်းဒေသကြီး၊ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဝင် ဌာနဆိုင်ရာများ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဆက်စပ်အသင်းအဖွဲ့များ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆောင်ရွက်နေသူများနှင့် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

မိတ္ထီလာမြို့နယ် ခေတ်မီစံပြကျေးရွာစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ပျော်ကုန်းကျေးရွာတွင် ခေတ်မီစံပြကျေးရွာစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေများအား ယမန်နေ့က တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

မိတ္ထီလာမြို့နယ်တွင် လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှု လျော့နည်းစေရေး တရားမဝင်ဓာတ်အား သုံးစွဲမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှု လျော့နည်းစေရေး တရားမဝင်ဓာတ်အားသုံးစွဲမှု အခြေအနေများအား ယမန်နေ့က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး