မန္တလေးတိုင်းဒေသကြီး

မိတ္ထီလာမြို့နယ် အိုင့်ကျေးရွာ၌ ဆိုလာရေတင်စနစ်ဖြင့် စိုက်ပျိုးရေရရှိရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု ကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မိတ္ထီလာမြို့နယ်အတွင်းရှိ မြင်းကန်ကျေးရွာအုပ်စု၊ အိုင့်ကျေးရွာ၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေဖြင့် ဆိုလာရေတင်စနစ် စိုက်ပျိုးရေရရှိရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေကို ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ချမ်းအေးသာစံမြို့နယ်တွင် ပထမပြန်စာမေးပွဲ ဘွဲ့နှင်းသဘင် အခမ်းအနား ကျင်းပ

မန္တလေးမြို့ ချမ်းအေးသာံမြို့နယ်၊ သီရိဟေမာအရှေ့ရပ်ကွက်၊ ၂၇×၂၈ လမ်းကြား၊ ၈၈×၈၉ လမ်းကြား၊ မဟာလောကရံသီအိမ်တော်ရာစေတီတော် ပရဝုဏ်အတွင်းရှိ ရတနာဃရ (၁၄)ခန်း ဓမ္မဗိမာန်တော်တွင် ဓမ္မာစရိယ၊ နိကာယ်နှင့် ပထမပြန်စာမေးပွဲ ဘွဲ့နှင်းသဘင် အခမ်းအနားကို ယမန်နေ့က  ညနေက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်တွင် သံပုယိုသီးဈေးနှုန်း မြင့်တက်လာမှုကြောင့် အောင်မြင်ဖြစ်ထွန်းသည့် စိုက်ခင်းပိုင်ရှင်များ အဆင်ပြေ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် သံပုယိုသီးဈေးနှုန်းမြင့်တက်လာမှုကြောင့် သံပုယိုစိုက်ခင်းပိုင်ရှင်များ လူမှုစီးပွားဘဝများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ စာမေးပွဲရာသီကာလ မီးလောင်မှု၊ မီးလန့်မှုမဖြစ်ပွားစေရေးအတွက် မြို့ပေါ်ရှိ ရပ်ကွက်အသီးသီးမှ လူနေအိမ်များ၊ ကုန်ပစ္စည်း အရောင်းဆိုင်များ၊ စားသောက်ဆိုင်များနှင့် စတိုးဆိုင်များအား မီး

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ စာမေးပွဲရာသီကာလ မီးလောင်မှု၊ မီးလန့်မှုမဖြစ်ပွားစေရေးအတွက် မြို့ပေါ်ရှိ ရပ်ကွက်အသီးသီးမှ လူနေအိမ်များ၊ ကုန်ပစ္စည်း အရောင်းဆိုင်များ၊ စားသောက်ဆိုင်များနှင့် စတိုးဆိုင်များအား မီးဘေးလုံခြုံရေး စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ မတ်လ (၉) ရက်နေ့ ညနေ (၃) နာရီက လွတ်လပ်ရေးရပ်ကွက်တွင် လှည့်လည်စစ်ဆေးခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ချည်မျှင်ရှည်ဝါ (၁၆၆၆၆)ဧက စိုက်ပျိုးခဲ့ပြီး အထွက်နှုန်း(၇၄၉၂၀၉၃)ပိဿာ ထွက်ရှိ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊‌ ကျောက်ဆည်မြို့နယ်၌ ချည်မျှင်ရှည်ဝါသီးနှံများကို မိုးကြို/နွေ၊ မိုး၊ မိုးနှေင်း/ဆောင်းရာသီများတွင် ရာသီအလိုက် စိုက်ပျိုးလျက်ရှိရာ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် (၁၆၆၆၆)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး အထွက်နှုန်းအနေဖြင့် (၇၄၉၂၀၉၃) ပိဿာထွက်ရှိကြောင်း သိရသည်။

မဟာအောင်မြေမြို့နယ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကျင်းပမည့် စာစစ်ဌာနပြုလုပ်မည့် ကျောင်းဝင်းအတွင်းရှိ အဆောက်အဉီများ၊ နေအိမ်နှင့်စျေးဆိုင်များအား မီးဘေးကြိုတင်ကာကွယ်‌ရေး ကွင်းဆင်းဆောင်ရွက်

မဟာအောင်မြေမြို့နယ်အနေဖြင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ မတ်လ (၁၇) ရက်နေ့တွင် ကျင်းပမည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ကျောင်းသား၊ကျောင်းသူများ ဖြေဆိုနိုင်စေရန်အတွက် မဟာအောင်မြေမြို့နယ် မီးသတ်ဦးစီးဌာနမှ ယနေ့နံနက်ပိုင်းက မီးလောင်မှု၊ မီးလန့်မှုမရှိစေရေး ကြိုတင်အသိပေးခြင်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မဟာအောင်မြေမြို့နယ်အတွင်း သန့်ရှင်းသာယာလှပစေရန် သန့်ရှင်းရေးဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၌ စည်ပင်သာယရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် နေ့စဉ်သန့်ရှင်းရေးဆောင်ရွက်ခြင်းများ ပြုလုပ်လျက်ရှိရာ ယနေ့နံနက်ပိုင်းက သိပ္ပံလမ်းဘေးတစ်လျှောက် သန့်ရှင်းသာယာလှပစေရန် သန့်ရှင်းရေးဌာနကြီးကြပ်သူနှင့် လုပ်သားများမှ နေ့စဉ်သန့်ရှင်းရေးများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အစိုးရစက်မှုလက်မှုသိပ္ပံ (ကျောက်ပန်းတောင်း)တွင် သတ္တမအကြိမ်မြောက် AGTI ဒီပလိုမာအပ်နှင်းပွဲ အခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့ အစိုးရစက်မှုလက်မှုသိပ္ပံ (ကျောက်ပန်းတောင်း)၏ သတ္တမအကြိမ်မြောက် AGTI ဒီပလိုမာလက်မှတ် အပ်နှင်းသည့် အခမ်းအနားကို ယမန်နေ့ နံနက် (၉) နာရီက၊ အဆိုပါကျောင်းရှိ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်တွင် နွေနှမ်းများ စတင်စိုက်ပျိုးလျက်ရှိပြီး မင်းရဲစိုက်ပျိုးရေးနည်းပညာပေး ရှေ့တန်းစခန်းတွင်(၁၅၀၁)ဧက လျာထားစိုက်ပျိုး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် စိုက်ပျိုးရေးနည်းပညာပေး ရှေ့တန်းများအလိုက် နွေနှမ်းများ စိုက်ပျိုးလျက်ရှိကြောင်း သိရှိရပြီး မင်းရဲစိုက်ပျိုးရေး နည်းပညာပေးရှေ့တန်း စခန်းတွင် (၁၅၀၁)ဧကလျာထားပြီး နွေနှမ်းများစတင်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

မဟာအောင်မြေမြို့နယ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် Grade 9 ကျောင်းသား/ကျောင်းသူများ နှစ်ဆုံးစာမေးပွဲများကို ဖြေဆိုပြီးစီး

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် Grade 9 ကျောင်းသား/ကျောင်းသူများ နှစ်ဆုံးတတ်မြောက်မှု စာမေးပွဲများကို ယမန်နေ့နံနက်ပိုင်းတွင် ဖြေဆိုပြီးစီးပြီးဖြစ်ကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး