မန္တလေးတိုင်းဒေသကြီး

မဟာအောင်မြေမြို့နယ်၌ ဓမ္မာစရိယနှင့် ပထမပြန်စာမေးပွဲများ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်၊ မစိုးရိမ်တိုက်သစ်၊ တိုင်းဒေသကြီးသံဃနာယကအဖွဲ့ရုံး၊ ဓမ္မဂါရဝကျောင်း၌ ဓမ္မာစရိယစာမေးပွဲနှင့် ပထမပြန်စာမေးပွဲ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းဝေးကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် သုမင်္ဂလာဈေး (ညံတောဈေး) ခြောက်ထပ်အဆင့်မြင့်ဈေးသစ် တည်ဆောက်ရေးစီမံကိန်းနှင့် အမျိုးသားကန်တော်ကြီးဥယျာဉ်သို့ သွားရောက်ကြည့်ရှု

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ သယံဇာတရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများ လိုက်ပါပြီး မတ်လ (၉) ရက်နေ့ မွန်းလွဲပိုင်းက ပြင်ဦးလွင်မြို့ သုမင်္ဂလာဈေး (ညံတောဈေး) ခြောက်ထပ်အဆင့်မြင့်ဈေးသစ် တည်ဆောက်ရေးစီမံကိန်းသို့ သွားရောက်ကြည့်ရှုခဲ့သည်။

ချမ်းအေးသာစံမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ကြီးကြပ်ရေးမှူး တာဝန်ထမ်းဆောင်မည့် ဆရာ၊ ဆရာမများနှင့်တွေ့ဆုံပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ် အမှတ် (၁၆) အ.ထ.ကကျောင်း ပညာရတနာခန်းမ၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ကြီးကြပ်ရေးမှူး တာဝန်ထမ်း ဆောင်မည့် ဆရာ၊ ဆရာမများနှင့်တွေ့ဆုံပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

ညောင်ဦးခရိုင် လူထုအခြေပြုဗဟိုဌာန၌ နွေရာသီ အခြေခံစစ်တုရင်သင်တန်းနှင့်ပန်းချီသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က နွေရာသီအခြေခံစစ်တုရင်သင်တန်းနှင့် ပန်းချီသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။

ညောင်ဦးမြို့နယ်နှင့် ငါ့သရောက်မြို့တို့တွင် ဆီးသီးဈေးနှုန်း တစ်တင်း ၁၂၀၀၀ ကျပ် ရောင်းချနေရ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်နှင့် ငါ့သရောက်မြို့တို့တွင် ယခုနှစ်ဆီးသီးသီးနှုန်းကောင်းပြီး ဆီးသီးမှည့်ချိန် ဆီးသီးဈေးနှုန်း တစ်တင်း ၁၂၀၀၀ ကျပ် ရောင်းချနေရကြောင်း ညောင်ဦးမြို့နယ် ငါ့သရောက်မြို့ အချစ်ကလေး ဆီးယို/ဆီးထုတ်လုပ်ငန်းရှင်ထံက သိရသည်။

မဟာအောင်မြေမြို့နယ်၌ ဓမ္မာစရိယနှင့် ပထမပြန်စာမေးပွဲများ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်၊ မစိုးရိမ်တိုက်သစ်၊ တိုင်းဒေသကြီးသံဃနာယကအဖွဲ့ရုံး၊ ဓမ္မဂါရဝကျောင်း၌ ဓမ္မာစရိယစာမေးပွဲနှင့် ပထမပြန်စာမေးပွဲ ကျင်းပနိုင်ရေးညှိနှိုင်းအစည်းဝေးအခမ်းနားအား ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ အခမ်းနားသို့ တိုင်းဒေကြီးသံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌဆရာတော် အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တတိက္ခိန္ဒြိယာဘိဝံသ (မစိုးရိမ်တိုက်သစ်၊ ဓမ္မဂါရဝကျောင်း)၊ တိုင်းဒေကြီးသံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ (ရွှေကျင်)၊ ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တထုတိဝရ၊မဟာဓမ္မိကာရာမေရွှကျင်တိုက်မကြီး၊ အောင်မြေသာစံမြို့နယ်၊ တိုင်းဒေကြီးသံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ (စတုဘုမ္မိက) ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝါသေဌသာရ (နဂါးပရိယတ္တိစာသင်တိုက်) အောင်မြေသာစံမြို့နယ်၊ တိုင်းဒေကြီးသံဃာ့နာယက အဖွဲ့ဒုဥက္ကဌဘဒ္ဒန္တပညေသိက၊ စက်ဝန်မင်းကျောင်းတိုက်၊ အောင်မြေသာစံမြို့နယ်၊ တိုင်းဒေကြီးသံဃာ့နာယကအဖွဲ့အကျိုးတော်ဆောင် (ရွှေကျင်) ဆရာတော်ဘဒ္ဒန္တသောဘိတာ လင်္ကာရ၊ မင်္ဂလာဗိမာန် ကျောင်း၊ မဟာဝိသုဒ္ဓါရုံတိုက်သစ်၊ မဟာအောင်မြေမြို့နယ်၊ တိုင်းဒေကြီးသံဃာ့နာယကအဖွဲ့ အကျိုးတော်ဆောင်(သုဓမ္မာ) ဆရာတော် ဘဒ္ဒန္တဝါသဝသိရီ ဇောတိကာရုံကျောင်း၊ ဒက္ခိဏာရာမဘုရားကြီးတိုက်၊ ချမ်းမြသာစည်မြို့နယ်၊ တိုင်းဒေကြီးသံဃာ့နာယကအဖွဲ့အကျိုးတော်ဆောင်ဆရာတော် ဘဒ္ဒန္တဣန္ဒက၊ စတုဘုမ္မိကမဂ္ဂင်ရိပ်သာ၊အမရပူရမြို့နယ်၊တိုင်းဒေကြီး သံဃာ့နာယကအဖွဲ့ဝင် (သုဓမ္မာ) ဘဒ္ဒန္တအဂ္ဂဉာဏ၊ ဆင်ဖြူမယ်ကျောင်းတိုက်၊ အမရပူရမြို့နယ်၊ ဘဒ္ဒန္တဓမ္မာဓိပတျာလင်္ကာရ အလယ်တိုက်ကြီး၊ မိုးကောင်းကျောင်းတိုက်၊ ချမ်းအေးသာစံမြို့နယ်၊ မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဌဆရာတော် ဘဒ္ဒန္တဝိဓူရ သုံးထပ်ကျောင်း၊ မိုးကောင်းကျောင်းတိုက်၊ ချမ်းအေးသာစံမြို့နယ်တို့ပါတိုင်းသံဃနာယက အဖွဲဝင်ဆရာတော် (၂၇) ပါးနှင့်မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုး၊ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်၊ လူမှုရေးရာဝန်ကြီး  ဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူးဦးဝေဇင်ထွန်း၊တိုင်းဒေသကြီးသာသနာရေးညွှန်ကြားရေးမှူးဦးဖြိုး‌ဇော်ဇော်၊ မဟာအောင်မြေခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူးဦးတင်ဝင်းရွှေ၊ တိုင်းရဲတပ်ဖွဲ့မှူးကိုယ်စား မဟာအောင်မြေခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ဝဏ္ဏအောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်နှင့်မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ဖိတ်ကြားထားသောအလှူ ရှင်များစုစုပေါင်းအင်အား (၆၅) ဦးခန့် တက်ရောက်သည်။

သူနာပြုတက္ကသိုလ်-မန္တလေး အကြိမ်(၂၀)မြောက်၊(၂၁)ကြိမ် နှင့် (၂၂)ကြိမ်မြောက် ဘွဲ့နှင်းသဘင်ကျင်းပ

ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ သူနာပြုတက္ကသိုလ်-မန္တလေး၏ ဘွဲ့နှင်းသဘင်အခမ်းအနားကို ယမန်နေ့က မန္တလေးတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပခဲ့သည်။

မိုင်းပျဉ်းမြို့တွင်၂၀၂၄−၂၀၂၅ ပညာသင်နှစ် Grade-9 စာမေးပွဲများ ဖြေဆိုပြီးစီး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ၂၀၂၄−၂၀၂၅ပညာသင်နှစ် Grade-9 စာမေးပွဲများကို သက်ဆိုင်ရာအခြေခံပညာကျောင်း အသီးသီး၌ ယနေ့နံနက်ပိုင်းတွင် သိပ္ပံဘာသာရပ်ဖြေဆိုပြီးစီးခဲ့ကြကြောင်း သိရသည်။

သာစည်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ၂၀၂၅ ခုနှစ် နွေရာသီအားကစားသင်တန်းများ ဖွင့်လှစ်မည်

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ၂၀၂၅ ခုနှစ် နွေရာသီအားကစားနည်းသင်တန်းများကို မတ် (၁၀)ရက်နေ့မှစတင်၍ မြို့နယ်အားကစားကွင်း၌ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးအရာရှိ ဦးဝင်းထွန်းဦးထံက သိရသည်။

သီရိလင်္ကာနိုင်ငံ၊ ကန္ဒီမြို့တွင် ကိန်းဝပ်စံပယ်တော်မူလျက်ရှိသည့် ဗုဒ္ဓမြတ်စွာဘုရား‌၏ လက်ဝဲအောက်စွယ်တော်တွင် ရင်ငွေ့လှုံပူဇော်၍ ပင့်ဆောင်လာသည့် စွယ်တော်ပွား ၃ ဆူကို မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဘုရား ၃ ဆူတွင် လှူဒါန်းပူဇော်

သီရိလင်္ကာနိုင်ငံ၊ ကန္ဒီမြို့တွင် ကိန်းဝပ်စံပယ်တော်မူလျက်ရှိသည့် ဗုဒ္ဓမြတ်စွာဘုရား၏ လက်ဝဲအောက်စွယ်တော်တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် ရင်ငွေ့လှုံပူဇော်၍ ပင့်ဆောင်လာသည့် စွယ်တော်ပွားများအနက် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဘုရား ၃ ဆူတို့တွင် ကိန်းဝပ်ပူဇော်ထားရှိရန် စွယ်တော်ပွား ၃ ဆူအား မတ်လ (၇)ရက်နေ့နံနက်ပိုင်းက လှူဒါန်းခဲ့သည်။
Subscribe to မန္တလေးတိုင်းဒေသကြီး