မဟာအောင်မြေ မတ် ၁၀
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် Grade 9 ကျောင်းသား/ကျောင်းသူများ နှစ်ဆုံးတတ်မြောက်မှု စာမေးပွဲများကို ယမန်နေ့နံနက်ပိုင်းတွင် ဖြေဆိုပြီးစီးပြီးဖြစ်ကြောင်း သိရသည်။
မဟာအောင်မြေမြို့နယ် အခြေခံပညာကျောင်းများတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၏ နှစ်ဆုံးစာမေးပွဲများကို Grade-9 ကျောင်းသား/ကျောင်းသူ စာရင်းရှိ ၁၅၉၅ဦး ဖြေဆို ၁၅၄၇ ဦး ပျက်ကွက် ၄၈ ဦးသည် သိပ္ပံဘာသာရပ်အား ယနေ့ သက်ဆိုင်ရာ အခြေခံပညာကျောင်းများတွင် အောင်မြင်စွာဖြေဆိုပြီးစီးခဲ့ကြောင်း သိရသည်။
ကျောင်းသား၊ ကျောင်းသူများ နှစ်ဆုံးစာမေးပွဲကို ဖြေဆိုနိုင်ရေးအတွက် စာစစ်ဌာနပတ်ဝန်းကျင်၌ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့တို့က လုံခြုံရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်ဇော်မင်း (ပြန်/ဆက်)