ကျောက်ဆည် မတ် ၁၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ချည်မျှင်ရှည်ဝါသီးနှံများကို မိုးကြို/နွေ၊ မိုး၊ မိုးနှေင်း/ဆောင်းရာသီများတွင် ရာသီအလိုက် စိုက်ပျိုးလျက်ရှိရာ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် (၁၆၆၆၆)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး အထွက်နှုန်းအနေဖြင့် (၇၄၉၂၀၉၃) ပိဿာထွက်ရှိကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်အနေဖြင့် ချည်မျှင်ရှည်ဝါသီးနှံများ စိုက်ပျိုးရာ၌ မိုးကြို/နွေရာသီတွင်(၅၀)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး တစ်ဧကပျမ်းမျှ (၄၅၃.၅၄) ပိဿာ၊ စုစုပေါင်း (၂၂၆၇၇) ပိဿာ ထွက်ရှိကြောင်း၊ မိုးရာသီတွင် (၃၂၉၁)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး တစ်ဧကပျမ်းမျှ(၄၆၀.၀၂)ပိဿာ၊ စုစုပေါင်း (၁၅၁၃၉၂၆) ပိဿာ ထွက်ရှိကြောင်း၊ မိုးနှောင်း/ဆောင်းရာသီတွင် (၁၃၃၂၅)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး တစ်ဧက(၄၆၅.၂၀)ပိဿာ၊ စုစုပေါင်း(၅၉၅၅၄၉၀)ပိဿာ ထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ဝါသီးနှံစိုက်တောင်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် ဝါသီးနှံများ အထွက်နှုန်းတိုးပွားရေး လွန်ကျော်ဝါသုတေသနနှင့်နည်းပညာဖွံ့ဖြိုးရေးခြံ(လွန်ကျော်)မှ ဒေသနှင့်ကိုက်ညီပြီး အပင်ပေါက်နှုန်း၊ ရောဂါဒဏ်နှင့် အထွက်နှုန်းကောင်းသည့် ဝါမျိုးစေ့များ ဖြန့်ဝေပေးလျက်ရှိပြီး စိုက်နည်းစနစ်များ၊ အပင်ပြုစုနည်းများ၊ ဝါကောက်ယူသိုလှောင်မှု နည်းစနစ်များကို အသိပညာပေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သက်မောင် (ပြန်/ဆက်)