မဟာအောင်မြေ မတ် ၁၀
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၌ စည်ပင်သာယရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် နေ့စဉ်သန့်ရှင်းရေးဆောင်ရွက်ခြင်းများ ပြုလုပ်လျက်ရှိရာ ယနေ့နံနက်ပိုင်းက သိပ္ပံလမ်းဘေးတစ်လျှောက် သန့်ရှင်းသာယာလှပစေရန် သန့်ရှင်းရေးဌာနကြီးကြပ်သူနှင့် လုပ်သားများမှ နေ့စဉ်သန့်ရှင်းရေးများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့သို့ သန့်ရှင်းရေးဆောင်ရွက်ရာတွင် စည်ပင်သာယာရေးကော်မတီသန့်ရှင်းရေးဌာနမှ ကြီးကြပ်သူနှင့်လုပ်သားများမှ မဟာအောင်မြေမြို့နယ်အတွင်း သန့်ရှင်းသာယာလှပစေရန်၊ ရေစီးရေလာကောင်းမွန်စေရန်၊ လေကောင်းလေသန့်ရရှိစေရန်နှင့် အမှိုက်များ စနစ်တကျ စွန်ပစ်စေရန်နှင့် အများပြည်သူများအား အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ရှိပြီး ပုံမှန်သန့်ရှင်းရေးလုပ်ငန်းများကို မဟာအောင်မြေမြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ အလှည့်ကျ နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အောင်ဇော်မင်း (ပြန်/ဆက်)