မဟာအောင်မြေမြို့နယ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကျင်းပမည့် စာစစ်ဌာနပြုလုပ်မည့် ကျောင်းဝင်းအတွင်းရှိ အဆောက်အဉီများ၊ နေအိမ်နှင့်စျေးဆိုင်များအား မီးဘေးကြိုတင်ကာကွယ်‌ရေး ကွင်းဆင်းဆောင်ရွက်

မဟာအောင်မြေ မတ် ၁၀

မဟာအောင်မြေမြို့နယ်အနေဖြင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ မတ်လ (၁၇) ရက်နေ့တွင် ကျင်းပမည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ကျောင်းသား၊ကျောင်းသူများ ဖြေဆိုနိုင်စေရန်အတွက် မဟာအောင်မြေမြို့နယ် မီးသတ်ဦးစီးဌာနမှ ယနေ့နံနက်ပိုင်းက မီးလောင်မှု၊ မီးလန့်မှုမရှိစေရေး ကြိုတင်အသိပေးခြင်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်မီးသတ် ဒု-ဦးစီးမှူး ဦးနေလင်းအောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက မြို့ပေါ်ရပ်ကွက်စာဖြေဌာန (၂) ခုဖြစ်သော အမှတ် (၁၃) အ.ထ.ကကျောင်းနှင့် အမှတ် (၂) အ.ထ.ကကျောင်းခွဲအနီးရှိ ကျောင်းဝင်းအတွင်း အဆောက်အဉီများ၊ နေအိမ်များနှင့် စျေးဆိုင်များအား မီးလောင်မှု၊ မီးလန့်မှုမဖြစ်စေရေး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှင့် မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရန် ကြိုတင်လိုက်လံနှိုးဆော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အောင်ဇော်မင်း (ပြန်/ဆက်)