မန္တလေးတိုင်းဒေသကြီး

ကျောက်ဆည်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ကုလားပဲ (၃၀၀၉၈)ဧကနှင့် ပဲစင်းငုံ (၁၄၈၃) ဧက စိုက်ပျိုးနိုင်ခဲ့

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊‌ ကျောက်ဆည်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ဒေသအတွင်း ပဲမျိုးစုံ ဖူလုံပိုလျှံရေး တိုးချဲ့စိုက်ပျိုးလျက်ရှိရာ ကုလားပဲ (၃၀၀၉၈) ဧကနှင့် ပဲစင်းငုံ(၁၄၈၃)ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ အိမ်တွင်းအကြမ်းဖက်မှု အသိပညာပေး ဟောပြောပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌  ယမန်နေ့ နံနက် (၁၀)နာရီ အချိန်က အိမ်တွင်းအကြမ်းဖက်မှု အသိပညာပေး ဟောပြောပွဲ၊ အိမ်တွင်းဝင်ငွေတိုးလုပ်ငန်းအကြောင်း ဟောပြောပွဲနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် အသိပညာပေး နံရံကပ်စာစောင်များ ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပြည်ကြီးတံခွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသို့ ကလေးသူငယ်များ ဖွံ့ဖြိုးရေးအသင်းမှ စာအုပ်စာစောင်များ လာရောက်လှူဒါန်း

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသို့ ကလေးသူငယ်များဖွံ့ဖြိုးရေးအသင်းမှ ယမန်နေ့ နံနက် ၁၁ နာရီအချိန်က စာအုပ်စာစောင်များ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

မန္တလေးမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမှုများကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး လှည့်လည်ကြည့်ရှုအားပေး

၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၇ ရက်မှစ၍ ကျင်းပလျက်ရှိရာ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အခြေခံ ပညာအထက်တန်းကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။

ကျောက်ဆည်မြို့နယ်တွင် ရေဘေးသင့်ပြည်သူများအား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆန်အိတ်(၅၈၃၂)အိတ် လှူဒါန်း

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ရာဂီမုန်တိုင်းနှင့်ဆက်စပ် ဖြစ်ပွားသော ရေဘေးများကြောင့် ဘေးသင့်ခဲ့သည့်ပြည်သူများအတွက် မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့မှ လှူဒါန်းသော ဆန်အိတ်(၅၈၃၂)အိတ်အား ယမန်နေ့မွန်းလွဲ(၁)နာရီက မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန သိုလှောင်ရုံ၌ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများထံသို့ ဆက်လက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်အဖွဲ့ဝင်များ မိတ္ထီလာမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုနေမှုအား ကြည့်ရှုအားပေး

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်က စတင်ကျင်းပရာသက်ဆိုင်ရာစာစစ်ဌာနများတွင် မြန်မာစာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲဖြေဆိုနေရာမှုအား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင်နှင့် အဖွဲ့ဝင်များက ကြည့်ရှု့အားပေးခဲ့ ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆို

မန္တလေးဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ (၁၇) ရက် နံနက် (၉) နာရီက စာဖြေဌာန (၄) ခုတွင် စတင်ကျင်းပလျက်ရှိရာ ကျောင်းသား/ ကျောင်းသူများ အေးချမ်းစွာ စတင်ဖြေဆိုခဲ့ကြောင်း သိရသည်။

ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန် ကွင်းဆင်းစစ်ဆေးခြင်းများ ဆက်လက်ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် ယမန်နေ့ နံနက် ၉ နာရီ အချိန်မှစ၍ မီးဘေးအန္တရာယ်ကကြိုတင်ကာကွယ်နိုင်ရန် ကွင်းဆင်းစစ်ဆေးခြင်းများ ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။

ငါန်းဇွန်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသည့် စာစစ်ဌာနသို့ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှုအားပေး

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ ငါန်းဇွန်မြို့အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ မြန်မာစာဘာသာရပ်ဖြေဆိုလျက်ရှိသော ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာဖြေဆိုနိုင်ရေး ယနေ့နံနက် ၉ နာရီခွဲအချိန်က ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ  ပြင်ဦးလွင်မြို့နယ်အတွင်းရှိ  စာစစ်ဌာနကျောင်းများတွင် စတင်ဖြေဆို

မန္တလေးတိုင်းဒေသကြီး၊  ပြင်ဦးလွင်ခရိုင်၊ ​ ပြင်ဦးလွင်မြို့နယ်၌  ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား  စာစစ်ဌာန (၅)ခုဖွင့်လှစ်၍  ယနေ့နံနက်   ၉  နာရီတွင်  မြန်မာစာဘာသာအား  ကျောင်းသား၊ ကျောင်းသူများ စတင်ဖြေဆိုလျက်ရှိရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့မှ သွားရောက်ကြည့်ရှုအားပေးကြသည်။         
Subscribe to မန္တလေးတိုင်းဒေသကြီး