၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ  ပြင်ဦးလွင်မြို့နယ်အတွင်းရှိ  စာစစ်ဌာနကျောင်းများတွင် စတင်ဖြေဆို

ပြင်ဦးလွင် မတ် ၁၇

မန္တလေးတိုင်းဒေသကြီး၊  ပြင်ဦးလွင်ခရိုင်၊ ​ ပြင်ဦးလွင်မြို့နယ်၌  ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား  စာစစ်ဌာန (၅)ခုဖွင့်လှစ်၍  ယနေ့နံနက်   ၉  နာရီတွင်  မြန်မာစာဘာသာအား  ကျောင်းသား၊ ကျောင်းသူများ စတင်ဖြေဆိုလျက်ရှိရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့မှ သွားရောက်ကြည့်ရှုအားပေးကြသည်။         

ပြင်ဦးလွင်မြို့နယ်၌ စာစစ်ဌာန ( ၅) ခုတွင် စာရင်းရှိ  ကျောင်းသား၊ ကျောင်းသူ (၃၅၁၀) ရှိပြီး တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်အား ဝင်ရောက်ဖြေဆိုသူ  (၃၃၆၆) ဦးနှင့်  ပျက်ကွက်(၁၄၄)  ဦးရှိသည်။

ဖြေဆိုမှု ရာခိုင်နှုန်းမှာ (၉၅.၉၀) ရာခိုင်နှန်းဖြစ်ရာ ပျက်ကွက်ရာခိုင်နှုန်းမှာ (၄.၁၀) ရာခိုင်နှုန်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။