ငါန်းဇွန် မတ် ၁၇
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ ငါန်းဇွန်မြို့အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ မြန်မာစာဘာသာရပ်ဖြေဆိုလျက်ရှိသော ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာဖြေဆိုနိုင်ရေး ယနေ့နံနက် ၉ နာရီခွဲအချိန်က ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ထိုသို့ကြည့်ရှုအားပေးရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ရဲမှူးကြီးခင်မောင်ဇော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးမျိုးမင်းသိန်းနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲ အေးချမ်းစွာ ဖြေဆိုနေကြသည့် စာဖြေခန်းများသို့ သွားရောက်ကြည့်ရှုအားပေးကြပြီးစာစစ်ဌာနတွင် တာဝန်ထမ်းဆောင်ကြသည့် ကြီးကြပ်ရေးမှုးများ၊ တာဝန်ရှိသူများ၏ မေးခွန်း/အဖြေလွှာများ လုံခြုံရေးကဏ္ဍအလိုက်ဆောင်ရွက်မှု၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၏ ကျောင်းဝင်းအတွင်း/အပြင် မီးဘေးလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်မှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးရာ စနစ်တကျဆောင်ရွက်ထားရှိကြောင်း သိရ သည်။
အ.ထ.က(ငါန်းဇွန်)စာစစ်ဌာနတွင် ၂၀၂၅.ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူ စာရင်းရှိ ၂၉၈.ဦး၊ ဖြေဆိုသူ ၂၈၅ ဦး၊ ပျက်ကွက် ၁၃ ဦးဖြစ်ပြီး ဖြေဆိုသူ ရာခိုင်နှုန်း(၉၅.၆၄%) ရှိကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)