ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန် ကွင်းဆင်းစစ်ဆေးခြင်းများ ဆက်လက်ဆောင်ရွက်

ပြည်ကြီးတံခွန် မတ် ၁၇

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် ယမန်နေ့ နံနက် ၉ နာရီ အချိန်မှစ၍ မီးဘေးအန္တရာယ်ကကြိုတင်ကာကွယ်နိုင်ရန် ကွင်းဆင်းစစ်ဆေးခြင်းများ ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။

အဆိုပါ  ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် သင်ပန်းကုန်းရပ်ကွက်သို့ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်ကျော်ဦး ဦးဆောင်၍  အရန်မီးသတ်တပ်ဖွဲ့ဝင် (၂၃) ဦးနှင့် ချမ်းမြသာယာရပ်ကွက်သို့ မြို့နယ်ဒုတိယမီးသတ်ဦးစီးမှူး ဦးကျော်မျိုးသန်း ဦးဆောင်၍ အရန်မီးသတ်တပ်ဖွဲ့ဝင် (၃၅)ဦး ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတို့ဖြင့် ပူးပေါင်းကာ သင်ပန်းကုန်းရပ်ကွက်ရှိ အိမ်ခြေ (၁၅၀) ခန့်နှင့်ချမ်းမြသာယာရပ်ကွက်ရှိ အိမ်ခြေ(၂၅၀)တို့အား တစ်အိမ်တက်ဆင်းကာ မီးသုံးစွဲမှုများနှင့် မီးဘေးကြိုတင် ကာကွယ်ရေးအတွက် မီးချိတ်၊ မီးကပ်၊ ရေ၊ သဲနှင့် မီးသတ်ဆေးဘူးများ ပြည့်စုံစွာထားရှိစေရေး မှာကြားကာ လိုအပ်သည်များကိုလည်း အကြုံပြုဆွေးနွေးပြောကြားခဲ့သည်။ ယင်းနောက် မီးသတိပေးလက်ကမ်းစာစောင်များကို အဆိုပါရပ်ကွက်ရှိ ပြည်သူများအား လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။ 

ခရိုင်(ပြန်/ဆက်)