မန္တလေးတိုင်းဒေသကြီး

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင် ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများအတွက် လိုအပ်သည့် သံ၊ သံမဏိ၊ ဘိလပ်မြေနှင့် အိမ်ဆောက်ပစ္စည်းများအား သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်

မန္တလေးငလျင်ကြီးကြောင့် တိုင်းဒေသကြီးအတွင်း ငလျင်ဒဏ်ခံခဲ့ရသည့်နေရာများတွင် ပြန်လည်ထူထောင်ရေးနှင့်တည်ဆောက်‌ရေး လုပ်ငန်းများအတွက်လိုအပ်သော သံ၊ သံမဏိ၊ ဘိလပ်မြေနှင့်အိမ်ဆောက်ပစ္စည်းများအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေလ(၁၀)ရက်နေ့ မွန်းလွဲပိုင်းက မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် လုပ်ငန်းရှင်များ တက်ရောက်ခဲ့သည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင် မဟာအတုလဝေယန် (အတုမရှိ) ကျောင်းတော်ကြီးတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုနှင့် အောင်မြေသာစံမြို့နယ်တွင် ယာယီအဆောက်အဦများ ဆောက်လုပ်နေမှုတို့အား လိုက်လံကြည့်ရှု

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါပြီး မေလ(၁၀)ရက်နေ့နံနက်ပိုင်းက  မဟာအတုလဝေယန် (အတုမရှိ) ကျောင်းတော်ကြီး အတွင်း၊ အပြင်၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုပြီး လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီမံလမ်းညွှန်မှုဖြင့် မိတ္ထီလာခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော မြို့နယ်အတွင်းရှိ သံဃာတော် ၁၀၈ ပါးတို့အား   ဆွမ်းဆန် စိမ်းလောင်းလှူပွဲနှင့် ညောင်ရေသွန်းလောင်ပွဲကျင်းပ 

မန္တလေးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့၏ စီမံလမ်းညွှန်မှုဖြင့် ကဆုန်လပြည့်တွင် မိတ္ထီလာခရိုင် / မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော မြို့နယ်အတွင်းရှိ သံဃာတော် ၁၀၈ ပါးတို့အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် ညောင်ရေသွန်းလောင်ပွဲကို ယနေ့နံနက်  ၆ နာရီအချိန်က မဟာဓမ္မရာဇိက ရွှေမြင်တင်စေတီတော်ရင်ပြင်ပေါ်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

မြစ်သားမြို့နယ်အတွင်းရှိ Grade-12 တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအတွက် Day Camp စခန်းသွင်း ဆက်လက်လေ့ကျင့်သင်ကြား

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မန္တလေးငလျင်ကြီးကြောင့် Grade-12 တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာများ မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ရသဖြင့် ၂၀၂၅ ခုနှစ် ဇွန်လ ၁၆ ရက်နေ့မှ ၂၁ ရက်နေ့အထိ Grade-12 တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုမည်ဖြစ်ရာ မြစ်သားမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများနှင့် ကိုင်ပိုင်ကျောင်းများတွင် ပြန်လည်ဖြေဆိုကြမည့် Day Camp စခန်းသွင်း ကျောင်းသား/ကျောင်းသူများကို ယနေ့နံနက်ပိုင်းအချိန်က သင်ကြားပို့‌ ပေးချခဲ့ကြောင်း သိရသည်။

ကျောက်ဆည် မြို့နယ်တွင် ဒေသအသီးသီးမှ ယာယီနေရပ်စွန့်ခွာသူများအတွက် ထောက်ပံ့ငွေများပေးအပ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ယာယီ)အစည်းအဝေးခန်းမတွင် ယမန်နေ့ မွန်းလွဲ(၂)နာရီက ဒေသအသီးသီးမှ ယာယီနေရပ်စွန့်ခွာရောက်ရှိသူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ  ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မိတ္ထီလာမြို့နယ်အတွင်း ဓာတ်အားဖြန့်ဖြူးလျက်ရှိသော ဌာနပိုင် 11/1.4 KV ထရန်စဖော်များ အန္တရာယ်ကင်းရှင်းရေး 400 V Bushing Cap များ တပ်ခြင်းလုပ်ငန်းဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်အတွင်း ဓာတ်အားဖြန့်ဖြူးလျက်ရှိသော ဌာနပိုင် 11/1.4 KV ထရန်စဖော်များ အန္တရာယ်ကင်းရှင်းရေး 400 V Bushing Cap များ တပ်ခြင်းလုပ်ငန်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ သိရသည်။

ကျောက်ပန်းတောင်မြို့ပေါ်ရှိ ပဲကြော်ဖို၊ အာလူးကြော်ဖို လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ယနေ့ နံနက် ၁၁ နာရီ အချိန်က မြို့ပေါ်ရပ်ကွက်များရှိ ပဲကြော်ဖို၊ အာလူးကြော်ဖိုလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ်၌ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ပြန်လည်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား စဉ်ဆက်မပြတ် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ တက္ကသိုလ်ဝင်တန်း (Grade -12)စာမေးပွဲ ပြန်လည်ဖြေဆိုမည့် ကျောင်းသား၊ကျောင်းသူများ စိတ်အေးချမ်းသာစွာ လေ့ကျင့်သင်ကြားနိုင်ရန် ကျန်းမာရေးစောင့်ရှောက်မှုများ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်း‌က အ.ထ.က(စဉ့်ကိုင်)၌ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မန္တလေးငလျင်ကြောင့် ပျက်စီးသွားသည့် အိမ်ထောင်စုဇယား၊ နိုင်ငံသားစိစစ်ရေးကတ်များနှင့် UID ကတ်များအခမဲ့  ကွင်းဆင်းဆောင်ရွက်

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ဦးစီးမှူးရုံးမှ ငလျင်ဒဏ်သင့်ပြည်သူများ၏ ပျောက်ဆုံး၊ ပျက်စီးသွားသော အိမ်ထောင်စုဇယားများနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ၊ နံပါတ်ဆယ်လုံးပါ UID ကတ်များကို အခမဲ့ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို အမရပူရမြို့နယ်၊ ငယ်တိုးကျေးရွာအုပ်စု၊ ကြောင်လျာကျေးရွာ၊ ရတနာဂူအောက်နန်းရှိကြောင်လျာ ငလျင်ရှောင်ယာယီစခန်းတွင် ယမန်နေ့ နံနက် ၁၀ နာရီ အချိန်က ဆောင်ရွက်ပေးခဲ့သည်။  

စဉ့်ကိုင်မြို့နယ်၌ ပြင်းထန်ဝမ်းပျက်၊ ဝမ်းလျှောရောဂါ (Ora Vacs) ကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများသည် စဉ့်ကိုင်မြို့‌ပေါ် (၅) ရပ်ကွက်အတွင်းရှိ အသက် (၆) နှစ်နှင့်အထက် ပြည်သူများ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ (Ora Vacs) ကြိုတင်ကာကွယ်နိုင်ရေး ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို မေလ ၉ ရက်နေ့ နံနက်ပိုင်းက ရပ်ကွက်အလိုက် စုရပ်‌နေရာအသီးသီး၌ ကွင်းဆင်းဆောင်ရွက် ပေးခဲ့‌ကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး