မိတ္ထီလာ မေ ၁၀
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်အတွင်း ဓာတ်အားဖြန့်ဖြူးလျက်ရှိသော ဌာနပိုင် 11/1.4 KV ထရန်စဖော်များ အန္တရာယ်ကင်းရှင်းရေး 400 V Bushing Cap များ တပ်ခြင်းလုပ်ငန်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ သိရသည်။
မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း မိတ္ထီလာမြို့နယ် လျှပ်စစ်မန်နေဂျာရုံးမှ မြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးရဲလင်းကိုကို ဦးဆောင်သော အဖွဲ့သည် မိတ္ထီလာမြို့နယ်အတွင်း ဓာတ်အားဖြန့်ဖြူးလျက်ရှိသော ဌာနပိုင် 11/1.4 KV ထရန်စဖော်များ အန္တရာယ်ကင်းရှင်းရေးနှင့် တိရိစ္ဆာန်များ ထရန်စဖော်တက်ရောက်ခြင်းမှ မလိုလာအပ်သော ပျက်စီးဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးအတွက် 400 V Bushing Cap များ တပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း မြို့နယ် လျှပ်စစ်မန်နေဂျာရုံး မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးမင်းကိုထံမှ သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)