စဉ့်ကိုင်မြို့နယ်၌ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ပြန်လည်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား စဉ်ဆက်မပြတ် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ တက္ကသိုလ်ဝင်တန်း (Grade -12)စာမေးပွဲ ပြန်လည်ဖြေဆိုမည့် ကျောင်းသား၊ကျောင်းသူများ စိတ်အေးချမ်းသာစွာ လေ့ကျင့်သင်ကြားနိုင်ရန် ကျန်းမာရေးစောင့်ရှောက်မှုများ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက အ.ထ.က(စဉ့်ကိုင်)၌ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။