ကျောက်ပန်းတောင်မြို့ပေါ်ရှိ ပဲကြော်ဖို၊ အာလူးကြော်ဖို လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

ကျောက်ပန်းတောင်း မေ ၁၀

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ယနေ့ နံနက် ၁၁ နာရီ အချိန်က မြို့ပေါ်ရပ်ကွက်များရှိ ပဲကြော်ဖို၊ အာလူးကြော်ဖိုလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ပဲကြော်ဖို၊ အာလူးကြော်ဖိုလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးရာတွင် ဈေးကွက်အတွင်း ရောင်းချသည့် ပဲကြော်ဖိုလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ပေးရေးဥပဒေပါ အခန်း (၁၈)၊ ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်ပစ္စည်းအမျိုးအစားအလိုက် ကုန်ပစ္စည်း၏ အမှတ်တံဆိပ်၊ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင် ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ထုတ်လုပ်မှုရက်စွဲနှင့် သက်တမ်း ကုန်ဆုံးရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်၊ ကျန်းမာရေးဘေးထွက်ဆိုးကျိုး(သို့) ဓာတ်မတည့် ကြောင်းဖော်ပြချက်၊ ကြိုတင်သတိပေးချက်များ စသည့် ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်ကိုက် ညီသော ကုန်ပစ္စည်းများ ရောင်းချမှု ရှိ/မရှိ စစ်ဆေးခဲ့ကြပြီး စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး ဥပဒေပါပြဋ္ဌာန်းချက်များဖြစ်သည့် စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ စီးပွားရေးကျင့်ဝတ်စည်းကမ်းများနှင့်အညီ ဆောင်ရွက်ရောင်းချစေရေး၊ မိမိတို့ ရောင်းချလျက်ရှိသည့် ကုန်ပစ္စည်းများနှင့် စပ်လျဉ်းပြီး အာမခံချက်၊ သတ်မှတ်ချက်များနှင့် ပြည့်စုံမှန်ကန်သော သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီထုတ်ပြန်ရေး၊ သက်ဆိုင်ရာဌာနများမှဖော်ပြရန် သတ်မှတ်ထားသော အချက်များဖော်ပြရမှာဖြစ်သလို ဖြန့်ဖြူးရောင်းချသူများမှလည်း အဆိုပါအချက်များနှင့် ကိုက်ညီမှုရှိသော ကုန်ပစ္စည်းများသာ ရောင်းချရန် ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ရောင်းဝယ်မှု ပြုလုပ်ကြရန် ပညာပေးဆွေးနွေးဟောပြောကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

မြသန္တာထွန်း