စဉ့်ကိုင် မေ ၁၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ တက္ကသိုလ်ဝင်တန်း (Grade -12)စာမေးပွဲ ပြန်လည်ဖြေဆိုမည့် ကျောင်းသား၊ကျောင်းသူများ စိတ်အေးချမ်းသာစွာ လေ့ကျင့်သင်ကြားနိုင်ရန် ကျန်းမာရေးစောင့်ရှောက်မှုများ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက အ.ထ.က(စဉ့်ကိုင်)၌ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ အေးလွင် ဦးဆောင်သည့် ကျန်းမာရေးဝန်ထမ်းများက အ.ထ.က (စဉ့်ကိုင်)တွင် (Camp) စခန်းသွင်း လေ့ကျင့်သင်ကြားနေသည့် တက္ကသိုလ် ပါမောက္ခများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူ (၉၆၁)ဦးတို့အား ကျန်းမာရေးကောင်းမွန်စွာ လေ့လာသင်ကြားနိုင်ရေး လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ယင်းသို့ ဆောင်ရွက်နေမှုအား မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဗိုလ်အောင်မောင်မောင့် အဖွဲ့ဝင်များက လာရောက်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
ကျော်စွာ (စဉ့်ကိုင်) (၃၉၉)