အာနန္ဒာဘုရားကြီး၏ ကွမ်းထောင်တော်၊ အထွဋ်စေတီ၊ မုခ်ကပ်ဆင်းတုတော်များနှင့်နတ် ရုပ်ကြီးများအား ရွှေမိုက်ထုတ်လုပ်ငန်းလေလံပွဲကျင်းပ

ညောင်ဦး မေ ၁၄

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံမြို့ဟောင်းရှိ ကျန်စစ်သားမင်းကြီး တည်ထားကိုးကွယ်ခဲ့သည့်  အနန္ဒာဘုရားကြီး၏ ကွမ်းထောင်တော်၊ အထွဋ်စေတီ၊ မုခ်ကပ်ဆင်းတု တော်များနှင့် နတ်ရုပ်ကြီးများအား ရွှေမိုက်ထုတ်လုပ်ငန်းလေလံပွဲ ကျင်းပခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က အာနန္ဒာဘုရားကြီး ဘဏ္ဍာတော်ထိန်းဂေါပကရုံးခန်းတွင် ကျင်းပခဲ့ကြောင်းသိရသည်။

ရွှေမိုက်ထုတ်လေလံ/တင်ဒါဖွင့်ပွဲအခမ်းအနားတွင် အာနန္ဒာဘုရားကြီး ရွှေသင်္ကန်းကပ်လုပ်ငန်း ဦးစီးကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မင်းညိုက  ကအဖွင့်အမှာစကား ပြောကြားပြီး၊ ရွှေသင်္ကန်းကပ်လုပ်ငန်းဦးစီးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး မျိုးခိုင်ဝင်းက အာနန္ဒာဘုရား ကြီး ရွှေမိုက်ထုတ်လုပ်ငန်းနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှုရှိစေရေးဆွေးနွေးပြောကြားသည်။ ထို့နောက် အာနန္ဒာဘုရားကြီး ဘဏ္ဏာတော်ထိန်းဂေါပကဥက္ကဋ္ဌ ဦးဇော်ဝင်းချိုက ရွှေမိုက်ထုတ်လုပ်ငန်းနှင့်ပတ်သက်၍ စည်းကမ်းချက်များအား နိုင်ငံတော်ပိုင်သတင်းစာများတွင်ထည့်သွင်းကြော်ငြာထားပြီးဖြစ်ကာ မရှင်းလင်းသည်များအား မေးမြန်းနိုင်ကြောင်း ဆွေးနွေးပြောကြားကာ ရွေသင်္ကန်းကပ်လှူရေး လုပ်ငန်းရွှေမိုက်လေလံပွဲစတင် ကျင်းပခဲ့ကြောင်း သိရသည်။                                      

ဒီပါလင်း