မြစ်သား မေ ၁၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ၊မြစ်သားမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ဟန့်တားကာကွယ် ဆေးတိုက်ကျွေးခြင်းလုပ်ငန်းကို ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဘုန်းမြတ်ကိုနှင့် ကျန်းမာရေးဝန်ထမ်းများကဦးဆောင်ကာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ( OraVacs ) ကာကွယ်ဆေးကို မင်းကုန်း ဘုန်းတော်ကြီးကျောင်းရှိ ဆရာတော်၊ သံဃာတော်များအား ယမန်နေ့က တိုက်ကျွေးခဲ့ကြောင်းသိရသည်။
မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန ကျန်းမာရေးဝန်ထမ်းများက မင်းကုန်းဘုန်းတော်ကြီးကျောင်းဝန်းအတွင်း၌ ဆရာတော်၊သံဃာတော်(၃၀)ပါးကို ပြင်းထန်ဝမ်းပျက်ဝမ်း လျှောရောဂါ (OraVacs) ကာကွယ်ဆေး တိုက်ကျွေးပေးခဲ့ကြောင်း မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာန တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။
ဝါဝါမြင့် (မြစ်သား)