ချမ်းမြသာစည် မေ ၁၄
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ် အရှေ့ဘက်ခြမ်း၏ ရပ်ကွက်ကြီး (၅) ရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် ယနေ့နံနက်ပိုင်းမှစတင်၍ ငလျင်ဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ကြရာ အောင်ပင်လယ်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင်လည်း ယနေ့နံနက် ၁၀ နာရီတွင် ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထောက်ပံ့ငွေများ လာရောက်ထုတ်ယူသည့် အောင်ပင်လယ်ရပ်ကွက်အတွင်း ငလျင်ဘေးသင့် မိသားစုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဦးထင်ဇော်ဦးက အားပေးစကား ပြောကြားပြီးနောက် တာဝန်ရှိသူများက ရပ်ကွက်အတွင်း ငလျင်ဘေးသင့်ပြည်သူ စုစုပေါင်း (၈၉) ဦးအတွက် တစ်ဦးလျှင် (၅၂၀၀ဝိ/) နှုန်းဖြင့် ထောက်ပံ့ငွေ (၄၆၂၈၀၀ဝိ/) ကို လက်ဝယ်အရောက် စနစ်တကျ ထောက်ပံ့ပေးအပ်ခဲ့သည်။
ငလျင်ဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ်သည့် ကန်သာယာရပ်ကွက်၊ အောင်သာယာရပ်ကွက်၊ အောင်ပင်လယ်ရပ်ကွက်၊ မြရည်နန္ဒာရပ်ကွက် နှင့်ထွန်တုံးရပ်ကွက်များသို့ ချမ်းမြသာစည်မြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဦးထင်ဇော်ဦး၊ အဖွဲ့ဝင် (၁)ဗိုလ်မှူး ထွန်းဇံဖြူ၊ ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ချမ်းတို့က လိုက်လံကြည့်ရှု၍ လိုအပ်သည်များအား ကြီးကြပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ချမ်းမြေ့