မြစ်သားမြို့နယ်တွင် ဌာနဆိုင်ရာဝန်ထမ်းများအား ဆုံဆို့၊   မေးခိုင်ကာကွယ်ဆေး (DT) ထိုးနှံပေး

မြစ်သား မေ ၁၄               

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် အသက် (၅) နှစ်ပြည့်ပြီးသူတိုင်း ဆုံဆို့၊ မေးခိုင်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဘုန်းမြတ်ကိုနှင့် ကျန်းမာရေးဝန်ထမ်းများက ဦးဆောင်ကာ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ကျန်းမာရေးဝန်ထမ်းများက ဌာနဆိုင်ရာဝန်ထမ်းများအား ယနေ့နံနက် (၉) နာရီအချိန်က ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထို့နောက် ဆုံဆို့၊ မေးခိုင်ကာကွယ်ဆေး (DT) ထိုးနှံပေးနေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်း‌အောင်နှင့်တာဝန်ရှိသူများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဘုန်းမြတ်ကိုနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့‌ကြောင်း သိရသည်။ ဆက်လက်၍ ကျန်းမာရေးဝန်ထမ်းများက မြို့ပေါ်ရှိ ဌာနဆိုင်ရာဝန်ထမ်း (၃၀၀) ဦးကို ဆုံဆို့၊ မေးခိုင်ကာကွယ်ဆေး (DT) ထိုးနှံပေးခဲ့ကြောင်း မြို့နယ်မိခင်နှင့်ကလေးကျန်းမာ ရေးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ဝါဝါမြင့် (မြစ်သား)