ချမ်းမြသာစည်မြို့နယ်၌ ငလျင်‌ဘေးသင့်ပြည်သူများအား စားသုံးကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်

ချမ်းမြသာစည်  မေ   ၁၄

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ ကန်သာယာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ယနေ့နံနက် ၁၁:၄၀နာရီအချိန်က ငလျင်ဘေးသင့်ပြည်သူများအား စားသုံးကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆောင်ရွက်မှုမှာ အမျိုးသားသဘာဝ ဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီမှ လူတစ်ဦးလျှင် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါးပိ ရက် (၃၀) စာ ထောက်ပံ့ခြင်းဖြစ်ပြီး စားသုံးကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဦးထင်ဇော်ဦး၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး ထွန်းဇံဖြူ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ချမ်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ချမ်းမြေ့