မဟာအောင်မြေမြို့နယ်တွင် မန္တလေးငလျင်ကြီးကြောင့် ကွယ်လွန်သွားသူများအတွက် ၎င်းတို့၏ မိသားစုဝင်များအား ထောက်ပံ့ပေးအပ်

မဟာအောင်မြေ မေ ၁၄

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ မဟာအောင်မြေမြို့နယ်တွင် မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ကွယ်လွန်သွားသူများအတွက် ၎င်းတို့၏ မိသားစုဝင်များအား ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေမွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်က အားပေးနှစ်သိမ့်စကား ပြောကြားခဲ့သည်။ ဆက်လက်၍ မဟာအောင်မြေမြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်နှင့် တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ မန္တလေးမြေငလျင်ကြီးကြောင့် သေဆုံးသူ (၁၃၅)ဦးအား အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ တစ်ဦးလျှင် (၁၀) သိန်းကျပ်၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ (၅)သိန်း၊ မန္တလေးတိုင်းဒေသကြီး သဘာဝဘေး အန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနမှ (၃)သိန်း၊ စုစုပေါင်း တစ်ဦးလျှင် ငွေကျပ် (၁၈) သိန်း ထောက်ပံ့မှုအား ကွယ်လွန်သွားသူများ၏ မိသားစုဝင်များအား ပေးအပ်ခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်နှင့် အဖွဲ့ဝင် (၁) ဗိုလ်မှူးဆွေလွင်အောင် ၊ အဖွဲ့ဝင် (၂) ဦးထွန်းထွန်းဝင်း နှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ငလျင်ကြောင့် ကွယ်လွန်သွားသူများ၏ မိသားစုဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 အောင်ဇော်မင်း