မြစ်သားမြို့နယ်အတွင်းသို့ ဒေသအသီးသီးမှ‌‌ ပြောင်းလာသော ယာယီနေရပ်စွန့်ခွာပြည်သူ (၃၃၆) ဦးအား ငွေများပေးအပ်

မြစ်သား မေ ၁၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြိုနယ်အတွင်းသို့ ဒေသအသီးသီးမှ‌ ပြောင်းလာသော ယာယီနေရပ်စွန့်ခွာပြည်သူ (၃၃၆) ဦးအား ငွေများ ပေး အပ်​ခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ယမန်‌နေ့ နံနက်ပိုင်း အချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ယာယီနေရပ်စွန့်ခွာပြည်သူများထံသို့ ငွေများ ပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့်အဖွဲ့ဝင်များ ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများက တစ်ဦးလျှင် ကျပ် ၄၀၀၀၀/-နှုန်းဖြင့် အိမ်ထောင်စု (၁၂၆)စုမှ လူဦးရေ (၃၃၆) ဦးတို့အတွက် စုစုပေါင်း ကျပ် ၁၃၄၄၀၀၀၀/-အား ယာယီနေရပ်စွန့်ခွာပြည်သူများ လက်ဝယ်သို့ အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။

ဝင်းမင်းထွန်း(ပြန်/ဆက်)