ချမ်းအေးသာစံမြို့နယ်တွင် ဗီယနမ်ဆရာတော် ဦးဆောင်သော ဘာသာရေးအဖွဲ့သည် ကျောင်းသား၊ ကျောင်းသူများအား ထောက်ပံ့ငွေများ ပေးအပ်

ချမ်းအေးသာစံ မေ ၁၈

ချမ်းအေးသာစံမြို့နယ်​၊ အောင်နန်းရိပ်သာအရှေ့ရပ်ကွက်၊ ၈၀ လမ်း ၃၂၊ ၃၃ လမ်းကြား အမှတ် (၁၄) အခြေခံပညာအထက်တန်းကျောင်းရှိ မေတ္တာရိပ်ခန်းမဆောင်၌ ဗီယနပ်ဆရာတော်  NGUYEN TUAN CHONG(DHAMMA NAME) TT.THICH MINH NGHIEM ဦးဆောင်သော ဘာသာရေးအဖွဲ့သည် ကျောင်းသား၊ကျောင်းသူများအား ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ (၂) နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ငွေ ပေးအပ်ခြင်း အခမ်းအနားကို  ဗီယနပ်ဆရာတော်  NGUYEN TUAN CHONG(DHAMMA NAME) TT.THICH MINH NGHIEM ဦးဆောင်သော ဆရာတော်/ဆရာလေး(၂၃)ပါးနှင့် တပည့်ဒါယကာ၊ ဒါယိကာမများ၊ မဟာအောင်မြေ ခရိုင်ပညာရေးမှူး ဒေါက်တာသက်လှစု၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ချောစုလွင်နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ၎င်းတို့၏ မိဘများ၊ စုစုပေါင်း(၄၀၀)ဦးခန့် တက်ရောက်ခဲ့ကြသည်။

ထို့နောက် ဗီယက်နမ်ဆရာတော်နှင့်အဖွဲ့မှ ကျောင်းသား၊ ကျောင်းသူ(၃၀၀)ဦးအား တစ်ဦးလျှင် (၃၂,ဝဝဝိ/-) ကျပ်နှုန်းဖြင့် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သိရသည်။

ချမ်းမြေ့မောင် (ပြန်/ဆက်)