မဟာအောင်မြေမြို့နယ်၌ ပါဠိပထမပြန်စာမေးပွဲကျင်းပနိုင်ရေးအတွက် စာဖြေမည့် အမှတ် (၂၄) အခြေခံပညာအထက်တန်းကျောင်းသို့ ကွင်းဆင်းစစ်ဆေး

မဟာအောင်​မြေ မေ ၁၈

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ မဟာအောင်မြေမြို့နယ်အတွင်း မန္တလေးငလျင်ကြောင့် ​ဖြေဆိုရက်ရွေ့ဆိုင်းခဲ့ရသည့် ၂၀၂၅ ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲကို ပြန်လည်ကျင်းပနိုင်ရန်အတွက် စာဖြေမည့် မဟာအောင်မြေမြို့နယ် အမှတ် (၂၄) အခြေခံပညာအထက်တန်းကျောင်းသို့ မေလ (၁၇) ရက်နေ့က သန့်ရှင်းရေး ဆောင်ရွက်နေမှုများအား ကွင်းဆင်းစစ်ဆေးခဲ့သည်။

အဆိုပါ ပါဠိပထမပြန်စာမေးပွဲကို (၄-၆-၂၀၂၅) ရက်နေ့မှ (၁၀-၆-၂၀၂၅) ရက်နေ့ အထိ ကျင်းပပြုလုပ်မည်ဖြစ်ရာ ယင်းစာမေးပွဲအောင်မြင်စွာဖြေဆိုနိုင်ရေးအတွက် အမှတ် (၂၄) အခြေခံပညာအထက်တန်းကျောင်းသို့ မန္တလေး တိုင်းဒေသကြီး သာသနာရေးညွှန်ကြားရေးမှူး ဦးဖြိုးဇော်ဇော်၊ မဟာအောင်မြေမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်မောင်၊ ကျောင်းအုပ်ဆရာကြီး ဦးမျိုးဆန်းလင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့မှ သန့်ရှင်းရေးဆောင်ရွက်နေမှုများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်များ မှာကြားခဲ့ကြောင်း သိရသည်။