ကျောက်ဆည်မြို့နယ်တွင် ကျေးလက်နေပြည်သူများအား စားအုန်းဆီများ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး

ကျောက်ဆည် မေ ၁၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်၊ စဉ့်ကိုင်၊ ကူမဲ၊ ပလိပ်မြို့နယ်ခွဲများတွင် နေထိုင်ကြသော ကျေးလက်နေပြည်သူများ စားသုံးဆီအခက်အခဲမရှိစေရေး ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းမှ ယမန်နေ့နံနက်ပိုင်းက Resources Group Trading Co.Ltd  Agroseed Co,Ltd ဝယ်ယူရရှိသော စားအုန်းဆီများကို ဈေးနှုန်းချိုသာစွာ ရောင်းချပေးခဲ့ကြောင်း သိရသည်။

စားသုံးဆီ ရောင်းချခြင်းများနှင့်ပတ်သတ်၍ ကျောက်ဆည်ခရိုင်အတွင်း နေထိုင်ကြသော ပြည်သူများ စားသုံးဆီဝယ်ယူသုံးစွဲရာတွင် အခက်အခဲမရှိရေး ကျောက်ဆည်ခရိုင် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ အသင်းဝင်ဆီဆိုင်များမှ ရပ်ကွက်/ကျေးရွာများနှင့် ဌာနဆိုင်ရာရုံးများတွင် အလှည့်ကျ ရောင်းချမည့်ရက်များသတ်မှတ်၍ ရောင်းချပေးလျက်ရှိကြောင်းနှင့် စဉ့်ကိုင်မြို့နယ်ခွဲမှ ဒေါ်လာစားသုံး ဆီအရောင်းဆိုင်မှသပြေပင်၊ အင်းကုန်းကျေးရွာတွင် စားအုန်းဆီ(၂၂၀)ပိဿာ ရောင်းချပေးခဲ့ကြောင်းနှင့် ရောင်းချရာတွင် ရည်ညွှန်ဈေးတစ်ပိဿာ ငွေ(၆၇၀၀)ကျပ်ဖြင့် ဝယ်ယူခဲ့သည် စားအုန်းဆီများဖြစ်ပြီး တစ်ပိဿာ ငွေ(၇၇၀၅)ကျပ်ဖြင့် ရောင်းချပေးခြင်းဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးမှ ပြောပြ၍ သိရသည်။

သက်မောင်