ကျောက်ဆည် မေ ၁၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်နယ်အတွင်းရှိ ငလျင်ဘေးသင့်ပြည်သူများအား မြို့တော်ခန်းမတွင် ယမန်နေ့မွန်းလွဲ(၂)နာရီခွဲအချိန်က ကမ္ဘောဇဖောင်ဒေးရှင်းနှင့် ရှမ်းတောင်ပရဟိတညီနောင်များကွန်ယက်မှ ငွေ(၄၇၂၀)ကျပ်သိန်းကျော် တန်ဖိုးရှိ ဘိလပ်မြေ၊ စားရိက္ခာအစုံနှင့် အလှူငွေများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထောက်ပံ့ပေးအပ်ပွဲတွင် ကမ္ဘောဇဘက်မှ အထက်မြန်မာပြည်တာဝန်ခံ ဦးတင်ထွန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရှမ်းတောင်ပရဟိတညီနောင်များကွန်ယက်မှ အတွင်းရေးမှူး ဦးအောင်ကြည်ဦးက ထောက်ပံ့လှူဒါန်းရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ဘာသာရေးအဆောက်အဦ(၃၆)လုံးအတွက် ငွေကျပ်(၁၆၁၀)သိန်းတန်ဖိုးရှိ ဘိလပ်မြေအိပ် (၇၀၀၀)အိပ်၊ လူနေအိမ်များလုံးဝပြိုကျပျက်စီးခဲ့သည့် အိမ်ထောင်စု(၁၃၈)စုအတွက် ငွေကျပ်(၇၄.၅၂) သိန်းတန်ဖိုးရှိ စားရိက္ခာအစုံ၊ ငွေကျပ်(၁၃၈)သိန်းတန်ဖိုးရှိ ဆန်အိတ်(၁၃၈)အိပ်၊ ငွေကျပ်(၁၃၈)သိန်းတန်ဖိုးရှိ ဆီပုံး(၁၃၈)ပုံး၊ အိမ်ထောင်စု(၁)စုလျှင် ငွေကျပ်(၂၀)သိန်းနှင့် ထောက်ပုံငွေ(၂၇၆၀)သိန်း စုစုပေါင်းငွေ(၄၇၂၀.၅၂) သိန်းအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်းနှင့် ဒေသခံတစ်ဦးဖြစ်သည့် ဒေါက်တာမျိုးဝဏ္ဏအောင်က ကျောက်ဆည်မြို့တွင် ကျရောက်ခဲ့သည့် ငလျင်ဘေးအခြေအနေများ ရှင်းလင်းခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)